ဒီနေ့ တနင်္လာာမို့ အလုပ်ထဲတွင်ယားလို့ ပင်မကုတ်နိုင်လောက်အောင်မအားမလပ်ဖြစ်ရသည်။
အပတ်တိုင်းMonday blue ဖြစ်ပေမဲ့ထိုနေ့ တွင်မူညကမော့ထားသည့် အရှိန်လေးကောင်းမှုဖြင့်အ
တော်ထွေနေ၏။အရေးထဲ colleague တစ်ယောက်ကခွင့်ယူထားသဖြင့်သူ့  အလုပ်ကိုပါကိုယ်က
လုပ်ပေးနေရပြန်ပါရောလား။ထိုသို့ ဖြင့်ရုံးဆင်းချိန် ၅ နာရီရောက်လာခဲ့ပြီ..paper work တွေကဘယ်ဘက်တစ်ပုံ-ညာဘက်တစ်ပုံတောင်လိုပုံနေသေးသည်။ Manager ကြီးကတော့
ပြုံးပြုံးနှင့်ပင်…”နက်ဖြန်ဆိုနက်ဖြန်အလုပ်တွေရှိဦးမှာကွ။ဒီနေ့ ကိစ္စဒီနေ့  ဖြတ်လိုက်တာဘဲကောင်းပါတယ်။မင်းတို့ မပြီးမချင်းငါလဲမပြန်ပါဘူးကွာ။ကျေးဇူး…နော်” တဲ့။
ဟုတ်တာပေါ့၊သူကသူ့ ရုံးခန်းထဲထိုင်ပြီးကိုယ်တွေစီစစ်ထားတဲ့file တွေထဲလက်မှတ်ထိုးပေးရုံ
ဘဲဟာ။ပြီးတော့အချိန်ပိုကြေးကလည်းရဦးမယ်။ နှင်ထုတ်ရင်တောင်ပြန်မှာမဟုတ်ဘူး။ကိုယ်က
တော့probation ကာလဆိုတော့အချိန်ပိုကြေးမပြောနဲ့ ၊အလုပ်တရက်ပျက်ရင်တောင်လခထဲ
ကနှုတ်မယ်ဆိုတာကြီးဘဲ။
ကျွန်တော်ဒီလိုfructuate ဖြစ်နေရတာလည်းအကြောင်းရှိသည်။
ဆူးနဲ့ ညစာအတူတူစားဖို့ ချိန်းထားတာက ၇နာရီ်လေ။(ကြုံတုန်ကြွားလိုက်ဦးမယ်။ဆူးဆိုတာကျွန်တော့်ရည်းစားအသစ်လေးပါ။)
ရုံးကpeninsula နားမှာဆိုပေမယ့်Inlay ရောက်ဖို့  ၅မိနစ်လောက်တော့လမ်းလျှောက်ရဦးမည်။ဒီတခေါက်နောက်ကျ၍မဖြစ်။ ပြီးခဲ့တဲ့အပါတ်က
Merlion Park မှာချိန်းထားပြီးအိပ်ရာထနောက်ကျလို့ နာရီဝက်လောက်ဆူးစောင့်လိုက်ရသေး
သည်။ အဲဒီကိစ္စအတွက်နဲ့ တစ်ပါတ်လုံးစိတ်ကောက်နေသည်မှာမနေ့ ကမှပြန်ကြည်သွားသည်
မဟုတ်ပါလား။ပြန်တည့်သည့်အထိမ်းအမှတ်နဲ့ ညစာအတူတူစားပါမယ်ဆိုကာမှထပ်နောက်
ကျလျှင်တော့…….
ဆူးဆိုတဲ့ဆူးလေးရင်ထဲမှာဆူးနေလို့  ထင်သည် ….. အလုပ်တွေတစ်ပုံကြီးကို ၂နာ၇ီမပြည့်ခင်ပင်အကုန်ပြီးသွား၏။ Manager စီစာရွက်စာတမ်းတင်၊ကိုယ့်ပစ္စည်းတွေသိမ်းနှင့်company ကထွက်တော့ ၆နာရီ ၅၀ ပင်ရှိပြီ။ကျွန်တော်တက်သုတ်ရိုက်တော့သည်။လူကြီးတွေ၊လူငယ်တွေ၊မသိလမ်းမှာတွေ့ 
သမျှလူကိုအကုန်ကျော်တက်သည်။တစ်ခါတစ်လေခြေဖ၀ါးနှင့်လမ်းမထိတော့သလိုပင်ခံ
စားရသည်။(ပိုတာ၊ပိုတာ) အတိုချုပ်ပြောရရင်တော့ ၆နာရီ ၅၅ တွင် Inlay ရှေ့ ရောက်၏။
ဟိုက်…….ခုမှသတိရလို့ ပိုက်ဆံအိတ်ကိုစမ်းကြည့်လိုက်တော့….ပြားချပ်လို့  ပါလားဟရိုး…….မနေ့ ကတစ်ပြားမျှမကျန်အောင် club မှာသုံးလိုက်လို့ ဘဲဖြစ်မည်။ ဤသို့ ဖြင့်
Peninsula နှစ်ထပ်က POSB cash withdraw ကိုပြေးရ ပြနပါတော့သည်။ကံဆိုးမသွားရာမိုး
လိုက်လို့ ရွာ…ဟုပင်ပြောရတော့မည်။ POSB ရှေ့ ရောက်တော့အမောဆို့ သွားခဲ့ရပြန်၏။
စီနေသည့်တန်းကြီးမှာတစ်မိုင်လောက်ရှည်ထွက်နေသည်။(ပိုပြန်ပြီ။) ၁၅ယောက်၊အယောက်
၂၀ လောက်ရှိမည်ထင်။လက်ပတ်နာရီကိုငုံ့ ကြည့်မိသည်….၆း၅၇pm..လက်ပတ်နာရီ မှန်ပေါ်
တွင်မနေ့ ကဆူး၇ဲ့ မျက်နှာကိုပြန်မြင်ယောင်လာ၏။
နောက်တခါနောက်ကျရဲကျကြည့်…နင်ခေါင်းကွဲပြီသာမှတ်…တဲ့လေ။Peninsula Plaza က POSB ဆိုရင်အားလုံးမျက်စိထဲမြင်မိကြမည်ထင်ပါသည်။ Cash withdrawal machine ကသုံးလုံး၊cash deposit ကနှစ်လုံးပါ။တစ်ခါတလေခွဲပြီးတန်းစီတဲ့အတန်းနှစ်တန်းရှိသလို၊
တစ်ခါတစ်လေလူတွေရှုပ်လာရင်တော့တန်းတတန်းတည်းဖြစ်သွားတတ်သည်။ရှေ့ ကလူ
ဘာအတွက်စီနေမှန်းမသိဘဲနှင့်သူ့ နောက်လိုက်စီရင်းတစ်တန်းတည်းဖြစ်သွားဟန်ရှိ၏။
ဒီနေ့ မှာလည်းတန်းတတန်းတည်းဖြစ်ပြန်ပါပြီ။ ကျွန်တော့အကြည့်ကတန်းထိပ်ဆုံးမှာရှိ
သည့်မိန်းကလေးစီရောက်သွားခဲ့သည်။ ထိုမိန်းကလေးလက်ထဲတွင် ၅၀ တန်အချို့ ကိုင်ထား
သဖြင့်သူမစောင့်နေသည်မှာ Cash deposit စက်ဖြစ်မှန်းသိသာပါသည်။သိစိတ်ကမသိလိုက်
ချိန်တွင်ပင်(မြန်မာစကားကိုရှုပ်နေအောင်ရေးတဲ့ငါပါလားနော်) ကျွန်တော့်ခြေလှမ်းမှားသူမစီ
သို့ ဦ်းတည်မိ၏။
“ညီမ..Cash withdrawal machine ကစောင့်နေတာလား၊deposit machine ကိုစောင့်နေ
တာလား။”
“Deposit လုပ်မလို့ ပါ။”
“ဒါဆိုဒီဘက်က withdrawal machine ကိုအစ်ကိုဝင်လိုက်မယ်နော်။”
ထိုမိန်းကလေးဘာမျှပြန်မပြောနိုင်ခင်ပင်ဘေးနားက cash withdrawal စက်တစ်လုံးလူလွတ်
သွားသဖြင့်အမြန်ဝင်လိုက်ရသည်။နောက်ကလူတန်းရှည်ကြီးထဲမှဗျစ်တောက်တောက်စကား
သံအချို့ ထွက်ပေါ်လာသည်။သူတို့ ဟာသူတို့ စကားပြောနေကြတာနေမှာပါလေဟုကိုယ့်
ကိုယ်ကိုညာမိ၏။
ငါရှေ့ ဆုံးကတန်းစီနေတဲ့သူကိုမေးတာဘဲလေ၊ငါ့မှာအပြစ်မရှိပါဘူးဟုတွေးရင်း Bank card ကိုစက်ထဲတွင်းကာထည့်လိုက်ပါတော့သည်။ပိုက်ဆံထုတ်ပြီးတော့လည်းဘယ်သူ့ ကိုမှမျက်လုံးချင်းမဆုံမိအောင်ခေါင်းငုံ့ ရင်းနှင့်ပင် POSB မှထွက်လာခဲ့သည်။သို့ ပေမဲ့ကျွန်တော့်ကိုယ်ပေါ်သို့ 
ကျလာသောမျက်လုံးအစုံပေါင်းများစွာတို့ ကိုခံစားမိနေသလိုလို……
၇း၃၀နာရီ
“မောင်…ဘာဖြစ်နေတာတုန်း။ထမင်းလည်းကောင်းကောင်းမစားဘူး။နေများမကောင်ဘူးလားဟင်”
ဆူးရဲ့လက်ဖျားလေး နဖူးပေါ်ရောက်လာမှအသိပြန်ဝင်လာခဲ့သည်။ကျွန်တော် Inlay ကို
၇း၀၀နာရီအတိတွင်ရောက်ခဲ့ပါသည်။သို့ သော်ကျွန်တော့်စိတ်ထဲတွင်ကျောက်ခဲတုံးများစွာဆွဲ
ထားရသလိုလေးနေသည်။တစ်ခါမျှမကြုံဖူးသောခံစားချက်မျိုးခံစားနေရသည်။
ကိုယ့်ကိုယ်ကိုရွံ့ ရှာမိခြင်း…..ဟုတ်ပါသည်။ POSBတွင်ပြုမူလိုက်သောကိုယ့်လုပ်ရပ်မျိုးကို
အောက်တန်းကျသည်ဟုမြင်လာသည်။ကိုယ်သာတန်းစီနေတဲ့လူထဲကတစ်ယောက်ဆိုရင်
ဘယ်လောက်တောင်ဒေါသထွက်မိမလဲ။ဘယ်လောက်တောင်ရှုံ့ ချမိမှာလဲ။
စာအုပ်တစ်အုပ်ထဲတွင်ဖတ်ဖူးသည်မှာ….ကိုယ့်ကိုယ်ကိုပင်အကောင်းမမြင်နိုင်လျှင်၊
သူများကိုယ့်ကိုအကောင်းမြင်ဖို့ မမျှော်လင့်လေနှင့်….ဟူ၍။ခုတော့ကျွန်တော်ကိုယ့်ကိုယ်ကို
မုန်းတီး၍ပင်နေမိသည်။အခြားလူတွေကိုယ့်အပေါ်ဘယ်လိုမြင်မလဲမတွေးဝံ့တော့…..
“ဘာတွေဖြစ်လာလို့ လဲ၊ဆူးကိုပြောပြလို့ မရဘူးလားဟင်….. မောင့်ကိုကြည့်ရတာ ကုန်းပေါ်ရောက်တာတဲ့ ငါးလိုဘဲ။ မျက်လုံးကြီးပြူးပြီး မွန်းကျပ်နေသလိုဘဲ။ ခစ်ခစ်။”
အမှန်ပင်..ကျွန်တော့်ရင်ထဲမှာမွန်းကျပ်နေပါပြီ။ဆူးလက်ဖ၀ါးနုနုလေးကိုအသာဆုပ်လိုက်
ပြီးစကားစလိုက်သည်။
+++++++++++++++++++++++++++++++++++++++++++++++
“ဆူးရောကိုယ့်ကိုမုန်းသွားလားဟင်…..”
ဆူးတစ်ယောက်အောက်နှုတ်ခမ်းအတွင်းသားကိုရှေ့ သွားဖြင့်ကိုက်လျက်ခေါင်းတစ်ချက်ခါလိုက်သည်။
“ရှင်ရယ်။လူဆိုတာအမှားတော့လုပ်မိမှာဘဲပေါ့။အဲဒီအမှားကိုသိပြီးနောက်ထပ်မလုပ်မိအောင်
ဆင်ခြင်နိုင်ဖို့ ကပိုအရေးကြီးပါတယ်။မောင်ဒါမျိုးနောက်တစ်ခါမလုပ်တော့ဘူးမဟုတ်လား……”
“ကြောက်ပါပြီဗျာ။မလုပ်ရဲတော့ပါဘူး။နေရခက်လွန်းလို့ ။ခုကိုရင်ထဲမှာနေမထိထိုင်မသာဖြစ်လို့ 
မဆုံးဘူး။”
“ဒါဆိုဒီလိုစဉ်းစားကြည့်။မောင်ကမှမောင့်အမှားကိုသိ
လို့ နေမထိထိုင်မသာဖြစ်နေတာ၊အချို့ ဆိုရင်သိရဲ့သားနဲ့ တမင်ထပ်ခါတလဲလဲလူလည်ကျနေ
ကြတာ။အဲလိုလူတွေထက်..ဆူးရဲ့မောင်ကအများကြီးချစ်ဖို့ ကောင်းတာပေါ့။”
အခြားသူတစ်ယောက်ယောက်ကသာဒီလိုပြောရင်….ဘာတွေလဲဟ…လို့ ပြန်ပြော
ရင်ပြောမိမည်။ခုဆူးပြောတာဖြစ်နေတော့ရင်ထဲမှာနွေးသွားသလိုပင်ခံစားလိုက်ရ၏။
“Sorry….နော်။ဆူးကိုစိတ်ရှုပ်အောင်လုပ်လိုက်မိပြီ။ခုနကငေါင်တောင်တောင်ဖြစ်နေတော့
ရူးများသွားပြီလားလို့ မထင်မိဘူးလား။”
“မထင်ပါဘူး။စကတည်းကသိပ်မှမမှန်တာ….”
နှစ်ယောက်သားမတိုင်ပင်ဘဲနှင့်ပြိုင်တူရယ်လိုက်ကြတော့သည်။