10th, May ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မြန်မာပြည်မှာပါမက နိုင်ငံပေါင်းစုံမှာ နေထိုင်နေကြတဲ့ မြန်မာလူမျိုးများအကြား အတော်လေးလှုပ်လှုပ်ရှားရှားဖြစ်နေရပါတယ်။ ဖြစ်သင့်ပါတယ်။ ဒီပွဲဟာ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနာဂါတ်အတွက် အလွန်အရေးပါတဲ့ ခြေလှမ်းကိုး။ ဒီအချိန်မှာ သူတို့စိတ်ကြိုက်ရေးထားတဲ့ road map ဆိုတာကြီးကိုရောသူတို့ကိုပါ ပြည်သူတွေကလက်မခံကြောင်း အတိအလင်းဖေါ်ပြရမယ်။ အဲ...ဒါကတော့ မျိုးချစ်စိတ်အပြည့်ရှိတဲ့သူတွေရဲ့အတွေးပေါ့။ ဒါပေမယ့် ကျွန်တော်တစ်မျိုးစဉ်းစားကြည့်တယ်။ တစ်ပြည်လုံးက Vote 'NO' လုပ်ပါပြီတဲ့၊ ဟိုဟာကြီးတွေကဘာဆက်လုပ်မလဲ။
"သြ... ပြည်သူတွေက ဒီ roadmap ကိုသဘောမတူဘူးဆိုဘဲ၊ ရပါတယ်လေ၊ နောက် roadmap အသစ်တစ်ခုရေးတာပေါ့" ကဲ...ဒီလိုအချိုးမျိုးကြီးချိုးပြီး roadmap ကိုတစ်ကနေပြန်စရေးရင် ကျွန်တော့်တစ်သက်မပြောနဲ့ မြေးမြစ်တွေလက်ထက်ထိတောင် ကြာသွားမလားလို့တွေးရင်းသက်ပြင်းချမိတယ်ဗျာ။
Thursday, May 1, 2008
Subscribe to:
Post Comments (Atom)





0 comments:
Post a Comment