Saturday, June 28, 2008

ရယ်မောခြင်း (၅)

လင်မယားချင်းစိတ်သဘောထားမတိုက်ဆိုင်ရင် ရန်ဖြစ်မနေကြပါနဲ့။ ဒီစနစ်လေးကိုကျင့်သုံးကြည့်လိုက်ပါလား... XD

Husband: "When I get mad at you, you never fight back. How do you control your anger?"

Wife: "I clean the toilet."

Husband: "How does that help?"

Wife: "I clean it with your toothbrush.

Saturday, June 21, 2008

ရယ်မောခြင်း (၄)

ဟာသချည်းသက်သက်ဘဲဆိုပျင်းသွားမှာစိုးလို့ ဒီတစ်ခါ မေးခွန်းတိုဟာသလေး Post လုပ်လိုက်ပါတယ်။

It go in dry, it come out wet. The stronger it in, the stronger it get. We can have it on table just you and me, or on bed for better feel. What is it???
ဟိတ်ဟိတ်ဟိတ်...သူငယ်ချင်းတို့ရေ၊ မဟုတ်မဟတ်တွေတွေးမနေနဲ့နော်။ အဲဒါ Teabag ဗျ။ :P

Saturday, June 14, 2008

ရယ်မောခြင်း (၃)

အပါတ်တိုင်း စနေနေ့ည ၁၁:၅၉ ဆိုရင်ကျွန်တော်ရဲ့ ရယ်မောခြင်းတွေကို အားလုံးနဲ့မျှဝေခံစားနေကြပါ။ ခုလည်းမပျက်မကွက် လာပါပြီတဲ့ခင်ဗျာ။

လူနာ၏ သွားများသည် ပိုးစားပျက်စီးနေရုံမက ရောဂါပိုးဝင်ပြီးအနာတွေ ဖြစ်နေသည်။ ထို့ကြောင့် ဆရာဝန်က ...
"ခင်ဗျားရောဂါက တော်ရုံနဲ့မရဘူး၊ Antibiotic နဲ့ကုမှဖြစ်မယ်"
"ဟင်...ဒုက္ခဘဲ၊ ဆရာဘဲဖြစ်အောင် ကုပေးလို့မရဘူးလား၊ ဆရာ့အဒေါ်ဆီပြောင်းပြီတော့ မကုပါရစေနဲ့တော့" ဟုပြာပြာသလဲတောင်းပန်လေသည်။

Saturday, June 7, 2008

"ရယ်မောခြင်း (၂)"

ကျွန်တော်က ရိုးရိုးဟာသတွေထက် နည်းနည်းစဉ်းစားပြီးမှာရီရတဲ့ဟာမျိုးကိုပိုကြိုက်တယ်။ အဲဒါမျိုးက စိတ်ထဲမှာစွဲသွားပြီး တစ်နုံ့နုံ့တွေးရင်းပြုံးမိနေတတ်တာလေ။ ဥပမာ ဒီလိုမျိုးပေါ့။

သူငယ်ချင်းနှစ်ယောက်ဆုံကြသည်။
တစ်ယောက်က... "မင်းနဲ့ငါမတွေ့တာတောင် လ အတော်ကြာသွားပြီနော်"
"အေးကွ၊ မင်းမိန်းမမွေးပြီးကတည်းကဘဲ၊ ဒါနဲ့မင်းရဲ့သားလေး အတော်တတ်နေပြီလား"
"အေး...ကလေးကတော်တော် ဥာဏ်ကောင်းတယ်ကွ၊ ခုမှခြောက်လသားပဲရှိသေးတယ်၊ အဖေကိုကောင်းကောင်းမှတ်မိနေပြီ" ဟုခပ်ကြွားကြွားပြောသည်။
ထိုအခါသူငယ်ချင်းဖြစ်သူက... "ဟေ၊ ဒါဆိုရင်တော့မင်းအိမ်ကို ငါလာလည်လို့မဖြစ်ဘူးထင်တယ်"

Tuesday, June 3, 2008

ရယ်မောခြင်း (၁)

"ရယ်မောခြင်း" ဟာလူ့ဘ၀မှာ အမှန်တကယ်ကိုအရေးပါတာပါ။ တစ်နေ့ကို ၃ကြိမ်ဟက်ဟက်ပက်ပက်ရီလို့ရှိရင် အမြဲနုပျိုနေလိမ့်မယ်လို့တောင် ဆိုကြတယ်ကလား။ ဒါကြောင့်လည်း ကျွန်တော့် blog ထဲမှာ လက်ရွေးစင် ဟာသတိုလေးတွေကို တစ်ပါတ်တစ်မျိုး post လုပ်ပေးမယ်လို့ စိတ်ကူးမိတယ်။ ထောက်ခံတယ်ဟုတ်။ ကဲ.....ဒီနေ့ပြောပြမယ့် "ရယ်မောခြင်း" ကတော့

ကိစ္စတစ်ခုနှင့်ပတ်သတ်ပြီး မောင်နှမနှစ်ယောက် ငြင်းခုန်နေကြ၏။ အမက... "နင်ငါနဲ့ ပြိုင်မငြင်းနဲ့၊ ဒီမှာ ငါ့ကနင့်ထက်အရင်ထမင်းစားတာ သိရဲ့လား" ဟုအနိုင်နှင့်ပိုင်းဖို့ကြိုးစားရာ မောင်ငယ်က... "ဒါတော့အမက ကျောင်းကနေအိမ်ကိုစောစောပြန်ရောက်တာကိုး" ဟုပြန်လည်ချေပလိုက်လေသည်။