Monday, September 22, 2008

LOVE or a hot crush???

ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်ဆိုတာ စိတ်ကစားတဲ့အရွယ်၊ ကဲတတ်တဲ့အရွယ်ကလား။ ခုချိန်မှာ အချစ်အကြောင်းမတွေးလို့ ဘယ်အချိန်သွားတွေးမတုန်း။ အဲ...ဒါပေမယ့် တွေ့တဲ့ကောင်မလေးတိုင်းကို ရည်းစားထားချင်နေတာတော့သိပ်မဟန်ဘူးပေါ့ဗျာ။ လက်ထပ်ဖို့အထိမရည်ရွယ်ရင်တောင် တကယ်ချစ်တယ်ဆိုတဲ့ ခံစားချက်ရှိသူကိုမှ လိုက်သင့်တယ်လို့ ကျွန်တော်ကတော့ထင်တာဘဲ။ ကြိုက်လား၊ မကြိုက်လားဆိုတာ ရည်းစားဖြစ်ပြီးမှ သိမှာပေါ့ လို့ Complain တက်ချင်နေသလား? ဒီမေးခွန်းလေးတွေကိုဖြေကြည့်ပြီးရင် ကိုယ့်စိတ်ကိုကိုယ်သိလာပါလိမ့်မယ်။ 100% မှန်ကန်တယ်လို့ အာမ မခံရဲပေမယ့် အနီးစပ်ဆုံးအဖြေကိုတော့ ရနိုင်ပါတယ်။

၁။ သူနဲ့ညလုံးပေါက်စကားပြောဖြစ်မယ်ဆိုရင်တောင် ပြောစရာစကားကုန်မှာမဟုတ်ဘူး။

၂။ ကိုယ့်ဘ၀ရဲ့အရေးပါတဲ့သူတွေနဲ့ သူ့ကိုတွေ့စေချင်မိတယ်။ (ဥပမာ- မိဘ)

၃။ သူ့ဟာကိုယ့်ရဲ့ အခင်ရဆုံးသူငယ်ချင်းဆိုလဲ ဟုတ်တယ်။

၎။ သူ့ရဲ့အဆိုးရွားဆုံး condition (ဥပမာ စာမေးပွဲကျတာတို့) ကိုကြုံဖူးပါတယ်။ အဲဒီ့အချိန်မှာလည်းသူကတော့ချစ်ဖို့ကောင်းတုန်းဘဲ။

၅။ သူ့နဲ့နေရတာ သက်တောင့်သက်သာရှိတယ်။ ပြောချင်တာတွေလည်းအကုန် ပွင့်ပွင့်လင်းလင်းပြောမိတယ်။

၆။ တစ်ခုခုဖြစ်လာရင် (ကောင်းတာရော၊ မကောင်းတာရောပေါ့) သူ့ကိုအရင်ဆုံးပြောဖြစ်တယ်။

၇။ ရန်တွေလည်းဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် နောက်ဆုံးတော့အမြဲတည်း နားလည်မှုတွေနဲ့ peace ပြန်ဖြစ်တာပါဘဲ။

၈။ သူ့အတွက်ဆို စွန့်လွှတ်သင့်တာကိုစွန့်လွှတ်ဖို့ဝန်မလေးတတ်ဘူး။ သူစာမေးပွဲနီးရင်သူနဲ့အပြင်ထွက်တာ လျှော့တာမျိုးပေါ့။

ကဲ...ဘယ်နှခုက ကိုယ်နဲ့ကိုက်သလဲဆိုတာကိုမှတ်ထားပြီးကြပြီထင်ပါရဲ့။ Result ကိုကြည့်ကြရအောင်....


ဒီအချက် ၈ခုထဲမှာ ၇ခုနဲ့အထက် ကိုက်နေရင်တော့ ...သေချာပြီဗျို့။ ခင်ဗျားတော့ လုံးဝ IN LOVE ဘဲ။ အဲဒီကောင်မလေးကို သေသေကျေကျေ အပြီသာလိုက်ပေတော့။ Good Luck နော်။ အဟဲ

6 comments:

EipptZaw said...

kor korr..
ကိုယ်တိုင်ရောစွံလို့လား
သူများတွေကို အကြံပေးနေတာ
အာမခံကောင်းမှယုံမှာနော်

mmhan said...

Bookmark မှတ်ထားလိုက်ပြီ... နောက်တော့မှ အဲ့လောက်ချစ်စရာကောင်းတဲ့ ကောင်မလေးတွေ့ရင်သွားပြမယ်..

ရော့ဒီမှာကြည့်... ငါတကယ်ချစ်တာပါလို့... :D

Soaring Phantom said...

အိလေးရေ၊ kor ကတော့လောဘနည်းနည်းကြီးတယ်။ ၈ ခုစလုံးနဲ့ကိုက်တဲ့သူကိုရှာနေတာ။

တဲ့တိုးပြောရရင်တော့ ခုထိဂေါ်မစွံ ဖြစ်နေပါသကွယ်။း(

Soaring Phantom said...

သွားကြီးတော့ ဖြဲမပြလိုက်နဲ့လေ၊ ကို mmhan ရယ်။ ကောင်မလေးထွက်ပြေးသွားပါဦးမယ်။ :P

pm said...

ဒေါ်လေး

" ဒီအချက် ၈ခုထဲမှာ ၇ခုနဲ့အထက် ကိုက်နေရင်တော့ ...သေချာပြီဗျို့။ ခင်ဗျားတော့ လုံးဝ IN LOVE ဘဲ။ "

ဆိုတော့
ခက်တယ် ခက်တယ်။

ကောင်မလေးတစ်ယောက်ကို ၁ချက်လောက်တူရင် အဆင်ပြေပြီလို့ ဖြည့်ရေးပေးရင် မဆိုးဘူးနော် :D

Soaring Phantom said...

အလို။ ၁ချက်တူရင်ဘဲ အဆင်ပြေပတဲ့။ ဒါတော့လွန်တာပေါ့ဗျာ။