
ဒီပုံကြီး မြင်တော့မရီဘဲ မနေနိုင်ဘူးဗျာ။ Bus ကားကြီးတိုင်ကို တည့်တည့်ဝင်တိုးတာကိုက ရီစရာကောင်းနေပြီ...အဲ၊ လဲကျသွားတဲ့ ဆိုင်းဘုတ်ကိုလည်း မြင်ရော ပိုးဆိုးပက်ဆက်ရီလိုက်မိတယ်။ ဘယ့်နှယ်၊ ယာဉ်တိုက်မှုကင်းမဲ့ဇုန် ဆိုတဲ့ ဆိုင်းဘုတ်ကိုမှ ၀င်ကျုံးရတယ်လို့။ ><
သတင်းအပြည့်အစုံကတော့ .....
နိုဝင်ဘာ ၂၅ ရက် နံနက် ၁ဝ နာရီတွင် မဟာဗန္ဓုလပန်းခြံအနီး ဧမာနွေလဘုရားကျောင်းဘေးရှိ ယာဉ်တိုက်မှုကင်းမဲ့ဇုန်ဆိုင်းဘုတ်နှင့် လူ ကူးမျဉ်းကျားမီးပွိုင့်အား ၁၇၉ ပါရမီခရီးသည်တင်ယာဉ်မှ ကားဘ ရိတ်ပေါက်၍ အရှိန် မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိစဉ်။ ယာဉ်တိုက်မှု တွင် မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရ သည်။





0 comments:
Post a Comment