Tuesday, April 29, 2008

Blog tips

ကျွန်တော့် blog ရဲ့ညာဘက်ဘေးအောက်ထောင့်လေးကိုလှမ်းကြည့်လိုက်ပါဦး။ မြှားပုံလေးတွေ့တယ်ဟုတ်။ ဟုတ်ကဲ့၊ အဲဒါ back to top link icon ပါ။ ကျွန်တော့် blog က post တွေကိုဖတ်ရင်း page အောက်ဆုံးရောက်သွားရင် အလွယ်တကူ top of the page ကိုပြန်လာနိုင်အောင်လို့ထည့်ထားတာဖြစ်ပါတယ်။ မိတ်ဆွေတို့ blog မှာလည်း ဒီလို link icon လေးထည့်ချင်ရင်တော့ အောက်ဖေါ်ပြပါ code ကို page element တစ်ခုအနေနဲ့ထည့်ပေးရုံပါဘဲ။


a style="display:scroll;position:fixed;bottom:5px;right:5px;" href="#" title="Back to Top"
img src="http://farm3.static.flickr.com/2112/2424600997_f0ef13d47b_o.gif"/

ကျေးဇူးပြုပြီး "a style=..." နှင့် "img src=..." ရှေ့တွင် " < " ကို၊ " Back to Top " နှင့် " .gif/ " နောက်တွင် " > " ကိုထည့်ပေးပါရန်။
ကိုယ့် blog လေးကိုယ် ကလိရင်း တစ်ခွိခွိနဲ့ ရီမောနိုင်ကြပါစေလို့.....

Saturday, April 19, 2008

ကျွန်တော်နှင့်အနာဂါတ်(၁)

ပြီးခဲ့တဲ့အပါတ်က ဘော်ဒါတွေနဲ့စုမိတော့ ထုံးစံအတိုင်းရောက်တက်ရာရာတွေပြောဖြစ်ခဲ့တယ်။ တောင်ပြောမြောက်ပြောရင်း လူတွေရဲ့ဘ၀သက်တမ်းမှာ အလုပ်လုပ်ရမယ့် အချိန်ကိုတွက်ကြည့်လိုက်တော့...လားလား.....

ူနှစ်ပေါင်း ၃၊ ၄ ဆယ်လောက်တောင်မှဟရို့။ အင်း.... ဒီလောက်ကြာကြာလုပ်နိုင်ပါ့မလား၊ စီးပွားရေးကျပ်တည်းတဲ့ခောတ်နဲ့ကြုံရင်ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့အတွက်ကပိုဆိုးတယ်ဗျ။ Engineering လိုင်းလေ။ Air-con ထဲမှာဇိမ်နဲ့နေရဖို့လမ်းမမြင်... ဒီ့တော့အသက်လေးရလာရင်ခံနိုင်တော့မှာအဟုတ်ဘူး။ ဘော်ဒါတစ်ယောက်က ကျွန်တော့်ကိုအကြံပေးတယ်၊ မင်းက English ရော Chinese ရောတတ်တာဘဲ၊ ဆရာလုပ်စားပေါ့ တဲ့။ ကျွန်တော့်မှာသူ့အပြောကြောင့်ရီလိုက်ရတာ မျက်ရည်တောင်ထွက်တဲ့အထိဘဲ။ ဒီကောင်ကကျွန်တော့်ကို စွပ်ဆက်အထင်ကြီးတာကိုး။ ဒီကဖြင့် တရုပ်ကျောင်းက ၆တန်းဘဲအောင်ထားတာ။ English ဆိုရင်လည်း B နဲ့ B+ ကမတက်။ ဆရာလုပ်စားလို့ကတော့ ခဲနဲ့အပေါက်ခံရမှာကျိမ်းသေဘဲ။ ကဲ...ဒါ့ဖြင့် စာအပြင်ကျွန်တော်တို့ဘာတတ်လဲ၊ စဉ်းစားကြပြန်ပါတယ်။ ဂါစ်တာလေးတော့ခေါက်တတ်ပါရဲ့၊ အသံထွက်တယ်ဆိုရုံလေး။ အားကစားဘက်မှာဆိုလည်းတော်လိုက်ကြတာပြောမနေနဲ့။ ချောင်းသာမှာ စော်ရှိတ်မယ်ဆိုပြီးရေထဲတစ်ခါဆင်းလိုက်ပါတယ်၊ ကမ်းစပ်မှာတင် နစ်နေလို့အရှက်ကွဲခဲ့ရတာတစ်သက်မမေ့။ နောက်ဆုံးတော့ ငခေါင်မင်းတစ်ယောက်စိတ်မရှည်ပုံနဲ့ထအော်ပါလေရော။ အလုပ်မလုပ်ဘဲ ဖြစ်သလိုနေကြတာပေါ့ကွာ တဲ့။ ဒီ့တော့ကျွန်တော်က မင်းဖြစ်သလိုနေတာတော့ ဟုတ်ပါပြီ၊ မိန်းမ မယူတော့ဘူးလား၊ သားကျွေးမယားကျွေးတွေဘယ်လိုလုပ်မှာလဲ လို့ထောက်လိုက်တော့အားလုံးပြုံးစိစိနဲ့ ငြိမ်ကျသွားလိုက်ကြတာများ... ကျွန်တော်တို့အဖွဲ့ကမိန်းမ မရမှာသေမလောက်ကြောက်တဲ့ကောင်ကြီးဘဲလေ။

Wednesday, April 9, 2008

ငယ်သူမို့မသိပါ။

၅ ရက်နေ့၊ ဧပရယ် က "သီးလေးသီး" အငြိမ့်စင်ကာပူ Metta Building မှာကပြဖျော်ဖြေခဲ့ပါတယ်။ ကျွန်တော်လည်းမြန်မာပြီပြီသွားအားပေးတာပေါ့။ အဲဒီကပြက်လုံးလေးတစ်ခုကိုသဘောကျလို့ post လုပ်လိုက်ပါတယ်။


့သားအဖနှစ်ယောက် zoo သွားကြပါသတဲ့။ တစ်နေရာရောက်တော့သားဖြစ်သူက နှာခေါင်းက ဂျိုကြီးထွက်နေတဲ့အကောင်ကိုလက်ညိုးထိုးပြီး "ဖေဖေ၊ အဲဒါဘာကောင်လဲ" တဲ့။
ဖခင် : အဲဒါ ကြံလို့ခေါ်တယ်၊ သားရဲ့။
အဲ...အဲဒီ့ဘေးနားတောင်ကုန်းပေါ်က မည်းမည်းအကောင်ကိုတွေ့တော့တစ်ခါ
သား : အဲဒါရော ဘာကောင်လဲဟင်။
ဖခင် : ဒီကောင်ကတော့ ဖွတ် ကွယ့်။
သား : သြသြ... သားသိပြီ။ ကြံဖွတ်ဆိုတာ လက်စသတ်တော့ တိရိစ္ဆန်ကိုး.... တဲ့။
ကဲ၊ ကောင်းရောဗျာ။

မန်းမြို့သူ

ကျွန်တော့်သူငယ်ချင်းတွေထဲမှာ တစ်ဝက်လောက်က မန်းမြို့သူတွေပါ။ အဲ...ဒါပေမယ့် သူတို့ကဒီကဗျာနဲ့တော့ပြောင်းပြန်ဘဲဗျို့။ :P ... (ကြားရင်ကျွန်တော်တော့လည်ပင်းညှစ်ခံရမှာသေချာတယ်)

အသားရယ်ညိုပြာ
စကားနယ်ချိုသာလို့
ပျိုကညာဆိုပါတော့လေး
သိမ်မွှေ့စွာယဉ်ကျေးတယ်
ရွှေမန်းသူလေး။ ။

ရို(ခေတ္တရာ)