Tuesday, April 28, 2015

Working life in Sydney (April)

It's 9:30pm on a Tuesday night. I'm listening to Nick Jones's song "Chains" and reading some work related documents. You might think working at this hour is insane, especially when today is just the 3 exact weeks since I started working in O****. But strangely, I don't feel bad about it.

Well...that's really weird because I'm a complain queen. That's why I start to write in my very own blog what I've been doing at work or related to work so that I can analyze and understand more about myself. Besides, I want to have a note of challenges I face in this working life and how I handle it so that when I look back after a few years, I could be proud of myself.

Let's start from my very first day at O****. As I'm in graduate program, the company treat me and the other 20 grads like students, I feel. Why do I say so? Coz O**** welcomed us with orientation days from 7th to 9th April. It's very kind of O**** to have this arrangement. I could have got lost in this 7 hectares campus with 6 interconnected buildings. Having a chance to interact with 20 other grads is very helpful as well. 

Anyway, fast forwarding the orientation week, my rotating manager came and picked me up on 10th April to the actual working place, and that's when I met my dear office desk! We didn't have much time together tho. On 17th April, we, the whole fixed product department in BG (that's building B ground floor) was moved to a totally different and new work place in B3. Our office desks got trade off with lockers. Say Hello to activity based working style! So, we have a locker each and there are meeting rooms, quiet rooms, stand up desk, couches and we sit in a different desk everyday, depending on our mood and number of meetings we have. Well, adapting to this environment is one of the challenges, I'd say. But that's not the main challenge! My rotating manager is a nice guy and he tries to answer my questions as much as he can. But he's super busy, having meetings from 7am to 6pm. Poor thing! And my immediate supervisor was on leave from 14th to 20th April. So, I'm pretty much left alone. I made good use of this free time and finished my compliance training (boring legal stuffs), then went around the office and talk to people. Something I learned; nobody in the office will come to you and tell you what they do and how things work, you gotta be initiative, gotta approach them and ask the things you wanna know. 

Another big problem I faced is not knowing people in the meetings. Number of meetings in O**** is unbelievable! They are back to back, they are during lunch time, they are intense. I tagged along with my supervisor to those meetings and the issue is I don't know the people in the meeting and they don't know me and nobody introduce us. It's quite awkward. I figured out how to deal with it in my 3rd week. In small group meetings I, just introduce myself with a simple HI. In meetings with many people, target one or two people and compliment, or comment in a good way, something about them or what they say. Start a conversion like that first then probably a handshake and go into understanding of what their role is. If there's not enough time, arrange a meet up session with them and just chit chat with them over coffee. Yea, they love love love coffee. And it really makes a difference. I feel more comfortable having meetings with people I know and more confident to speak out as well. I can feel my presence in the meeting room and that's very fulfilling. 

Ooops, it's nearly midnight now. I have ironed my suit for tmr, prayed and prepared lunchbox. See, that's the other thing. It's not easy to do all those cooking and household chores and work full time at the same time. All those working ladies out there, I feel you! 

Sunday, March 30, 2014

Die Die Must say ကောပီ ပင်း!

စင်ကပူ ပြန်ရောက်လာတာ ၄ရက်နေ့ ဧပြီက။ အိမ်ကိစ္စ၊ ရုံးကိစ္စ၊ ချစ်ချစ်ကိစ္စတွေနဲ့ ဗျာများနေလိုက်တာ ခုမှဘဲ blog လေးဆီပြန်လှည့်နိုင်တော့တယ်။ ဒီနေ့တော့ စင်ကာပူ အကြောင်းလေးနည်းနည်း ဖောက်သည်ချချင် သဗျ။

ဝိဥာဉ်ခမျာ စင်ကာပူ အထာမနပ်တော့ တလောက foodcourt ကော်ဖီဆိုင်ကလူ နှပ်တာကို ခံလိုက်ရတယ်။
ရုံးနေ့လည်ထမင်းစားချိန် အပြင်ထွက်စားတုန်းက ကော်ဖီအေးဝယ်တော့ ၀ိဥာဉ်က ICE COFFEE လို့ပြောမှာတာပေါ့။ $1.6 တဲ့။ ပေးလိုက်ပါတယ် တစ်ကျပ်ခြောက်ဆယ်။ ခနနေတော့ ရုံးက စလုံးတစ်ယောက်လာ join ပြီး သူလည်း ကော်ဖီအေးမှာတယ်။ သူကကိုယ်တို့လို့ counter သွားမှာတာမဟုတ်ဘူး။ စားပွဲသိမ်းတဲ့ အဖိုးကြီးကိုမှာတာ။ သူ့ကျတော့ $1.2 ဘဲ ကျသဗျ။
ဝိဥာဉ်လည်း မကျေမနပ်တွေဖြစ်ပြီး အဲ့ဒီ့ စလုံးလုပ်ဖော်ကိုင်ဖက်ကို ဘယ့်နှယ်ကြောင့်ဒီလိုဖြစ်သတုန်း မေးတာပေါ့။ စလုံးကပြောတယ် ငါ့ညီ၊ မင်းက ICE COFFEE လို့ဘိုလို မှုတ်တာကိုးတဲ့။ Kopi Pin "ကောပီပင်း" လို့ပြောရတယ်တဲ့။ မင်းဒါတော်သေးတာ One cup of Ice coffee please လို့သာပြောလိုက်ရင်တော့ ၂ကျပ်ခွဲလောက်တောင်းခံရမှာတဲ့ဗျာ။ မှတ်သားစရာတွေ မှတ်သားစရာတွေ...

Tuesday, January 14, 2014

Caricature


Phantom is back, finally, after disappearing for 2 exact years! And I'm back with a new skill; caricature. It all started a week ago, with the help of just a pencil which I picked up from somewhere and a nearly finished eraser.

Now, here comes a serious question. Who is the guy in this drawing? Yea yea, I know my drawing is not good enough. But guess what, if you are the first one who guess it right, let me draw a caricature of YOU and give you as a present. Deal?

Tuesday, January 10, 2012

အရင်အတိုင်းဘဲတဲ့လား။

ကြီးကျယ်ခမ်းနားလှသော မင်္ဂလာခန်းမကြီးထဲတွင် နှုတ်ဆက်ဂါရ၀ပြုသူများ၊ အချင်းချင်း စကားနှီးနှောနေကြသူများဖြင့် စည်ကား၍နေသည်။ ထိုလေပစ်နေသူ လူအုပ်ထဲတွင် ကျွန်တော် မပါ။

ကျွန်တော် ဆိုသူ ကျွန်တော်ကတော့ မင်းထင်ပါ။ သိပ်မကြာခင်လေးကဘဲ အသက် ၃၀ပြည့်လို့ ဘွဲ့တစ်ခုတိုးသွားတယ်။ လူပျိုကြီး မင်းထင်တဲ့။ ပြောရရင်တော့ ဒါလည်း မမျှော်လင့်ထားတာမဟုတ်ပါဘူး။ ဟိုး ၁၀တန်းကတည်းက လူပျိုကြီးဘဲ လုပ်မကွဆိုပြီး သူငယ်ချင်း ၄ယောက် Gang တောင်ထောင်ခဲ့ကြသေးတာကိုး။ တစ်ခုဘဲ ရှိတယ်။ အဲ့ဒီ့ အဖွဲ့ထဲက ကိုယ်မဟုတ်တဲ့ ကျန် ၃ယောက်က မိန်းမရကုန်ပြီ။ ခုအခြေအနေကတော့ “တစ်ယောက်တည်းလား မေးတော့ ငါတစ်ယောက်ထဲပါ” သီချင်းဘဲထိုင်ဆိုရမလိုဖြစ်နေပေါ့ဗျာ။

“သစ္စာဖေါက်၊ ခွေးမသား။” သတို့သမီး ပခုံးကို တင်းတင်းဖက်ထားရင်း ပါးစပ်ကြီး နားရွက်ချိတ်မတတ် ရီနေသော လွှမ်းကျော် ကိုဘာကြောင့်ရယ်မသိ မေတ္တာပို့မိသည်။ ဒီကောင် မိဘချင်းသဘောတူထားတဲ့ မိန်းခလေးကို သွားတွေ့မယ်လို့ လာပြောတုန်းက ရုပ်ကတစ်မျိုး။ “ဒီမှာ ဟေ့ကောင်တွေ။ ငါ့ကိုများဘယ်သူမှတ်လို့လဲ။ လွှမ်းကျော်ကွ။ လွှမ်းကျော်။ အားလုံးကို လွှမ်းမိုးပြီး ကျော်လွှားပစ်မယ့်ကောင်။ မိန်းမရဲ့လွှမ်းမိုးမှုကို ခံမယ့်ကောင်မဟုတ်ဘူး။ ငါ့ရုပ်ရှင်ထုတ်လုပ်ရေးမှာ မော်ဒန်ချောချောလေးတွေ ဒီလောက်ဝင်ထွက်သွားလာနေတာတောင် စိတ်မကူးကြည့်တာ မိဘပေးစားတာယူဖို့ ဝေးသေးဟ။” လက်သီးလက်မောင်းတန်းပြီးတော့ ပြောနေတာမှတ်မိပါသေးတယ်။ အဲ့ဒီ့တုန်းက ကျွန်တော်ကတောင် မိဘ အားကိုးနဲ့မှ ယောက်ျားရှာတဲ့မိန်းမ စွံမှာမဟုတ်ပါဘူးလို့ ပြောလိုက်သေးရဲ့။ အင်း… ခုနေများ ထပ်ပြောကြည့်ပါလား၊ နားရင်းပိတ်အုပ်ခံရဖို့ကများတယ်။

“ခိခိခိ၊ ခစ်ခစ်ခစ်”
အလိုလေးဗျာ။ ရှေ့က ဇေယျတို့အတွဲကလည်း ဘယ့်နှယ်ဖြစ်နေကြတာလဲ။ ခန်းမကို သူတို့အိမ်မှတ်လို့ ကလိထိုးတမ်းဆော့နေကြသေးတယ်။ ၃လကျော် ၄လထဲရောက်နေတဲ့ ဗိုက်ကြီးကိုမှ မထောက်။ ဇေယျ ဆိုတာကတော့ ဒုတိယ သစ္စာဖောက်ပေါ့။ သူ့ဘေးက  ရှေ့တစ်ထွာလောက်သိသိသာသာ စူထွက်နေတဲ့ဗိုက်ကို ပ၀ါနဲ့ တစ်ချက်တစ်ချက် အုပ်ဖို့ကြိုးစားနေတာကတော့ ဇေယျရဲ့ ချစ်ဇနီး မြမြတဲ့။ သူတို့ ၂ယောက်က ငယ်ကျွမ်းဆွေ ဆိုဘဲ။ ငယ်ငယ်ကဇာတ်လမ်းလေးတွေရှိခဲ့ကြ ပေမယ့် ဇေယျ ရွာကနေရန်ကုန်ပြောင်းလာလို့ ဝေးခဲ့ကြရတာတဲ့။ ဇေယျခမျာ မြမြနဲ့လွဲမယ့်အတူတူ လူပျိုကြီးဘဲလုပ်တော့မယ်ဆိုပြီး ကျွန်တော်တို့အဖွဲ့ဝင် ဖြစ်လာတယ်ဆိုပါတော့ဗျာ။ ပြန်တွေ့မယ့်တွေ့တော့လည်း ဇေယျအဖွဲ့ဝင်ဖြစ်တာ ၅နှစ်မြောက် အထိမ်းအမှတ်နဲ့ mr.brown မှာတစ်ခုခုကျွေးမယ်ဆိုပြီး ကျွန်တော်တို့ကို ခေါ်သွားရာက cashier မှာအလုပ်လုပ်နေတဲ့ မြမြနဲ့တိုးတာ။ ကျွန်တော်တို့ သဘောပေါက်လိုက်ပါတယ်။ အဲ့နေ့က အဖွဲ့ဝင်တစ်ယောက်လျော့တဲ့နေ့ဘဲလို့။

ဟော…ပြောရင်းဆိုရင်း ပွဲဦးထွက်သစ္စာဖောက်သူ မျိုးလှိုင်ရောက်လာပြီ။ ကျောင်းတုန်းကချိန်းထားရင်အမြဲအစောဆုံးရောက်တဲ့ကောင် နောက်ကျပြန်ပြီ။ လက်ထဲမှာလည်း အကြီးကောင် ၅နှစ်သားလေးနဲ့။ အင်းလေ၊ ကလေး ၃ယောက်နဲ့ချာလပတ်ရမ်းနေရတာဆိုတော့ ဘယ်အရင်လို ရှေ့ဆုံးကနေ ကျော့ကျော့မော့မော့နဲ့ ရောက်လာတော့မလဲ။ အရင်ဆုံးစွံသွားတဲ့သူလို့ ပြောမယ့်သာပြောတယ်၊ သူက မိန်းမဆန့်ကျင်ရေးမှာ အပြင်းထန်ဆုံး။ မိန်းမတွေကို လုံးဝအထင်မကြီးဘူးဟေ့၊ ဘယ်တော့မှလည်း အထင်မကြီးဘူးဟေ့ လို့ တစ်ချိန်လုံးပါးစပ်ဖျားက ချတာမဟုတ်ဘူး။ ခုများကျတော့ သူ့မိန်းမ ခွဲစိတ်ဆရာဝန်မကြီးက ဘယ်လူနာကို ဘယ်လိုကုပေးလိုက်တာ၊ ဘယ်လိုကောင်းသွားတာနဲ့ ရေပက်မ၀င်အောင်တွေ့တိုင်းပြောတယ်။

ကျွန်တော် မင်းထင်ပါ။ လွန်ခဲ့တဲ့ ၁၄နှစ်တုန်းက မင်းထင်ပါဘဲ။ စိတ်ဓာတ်ရော၊ ခံယူချက်ရော မပြောင်းလဲသေးပါ။ မိန်းမဟာ မိန်းမဘဲ။ ဘယ်လောက်တော်တဲ့ မိန်းမဖြစ်ဖြစ် ယူပြီးရင် ကိုယ့်ကိုတွယ်ကပ်မှာဘဲ၊ ကိုယ့်အပေါ် စည်းမျည်းစည်းကမ်းတွေထုတ်မှာဘဲ၊ complain တွေတက်မှာဘဲ။ လက်လန်ပါတယ်ဗျာ။ ဒါကိုသိရက်နဲ့ လက်နက်ချသွားတဲ့ အဖွဲ့ဝင်တွေကို။

“ဟကောင်။ လူပျိုကြီး။ ဘာတွေတွေးပြီး ပြုံးစိစိလုပ်နေတာလဲကွ။”
ဒီနေ့ပွဲရဲ့ အဓိကမင်းသား လွှမ်းကျော် ကိုယ့်နောက်ကျောကို အုန်း ကနဲ့အုပ်လိုက်မှ စိတ်ကူးစပြတ်သွားသည်။ “ငါ့လချီး။ ဘယ့်နှယ်လူပျိုကြီးလို့ အဲ့လောက်ကုန်းအော်ရတာတုန်း။” စိတ်ထဲက ကျိမ်ဆဲရင်း ဘယ်တော့များမှ မုန့်ချမှာလဲလို့ စဉ်းစားနေတာဟေ့ လို့နောက်လိုက်ရသည်။

“မင်းနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒါက သော်တာ တဲ့။ ငါ့အမျိုးသမီးရဲ့ ငယ်သူငယ်ချင်း။ သူက ဒီနေ့ ပန်းခြင်းကိုင်လေ။ အဲ့ဒါ စာရေးဆရာ မင်းထင် လည်းလာတယ်ဆိုတော့ သူက ဘယ်မှာလဲ ဘယ်မှာလဲ မေးမေးနေလို့ ခေါ်လာပြတာ။ ကဲ...၀အောင်ကြည့်၊ သော်တာရေ။ ဟောဒီ့ကောင်ကြီးဘဲ။”

စောစောက လူပျိုကြီးဟု အော်ခေါ်ရသည့်အကြောင်းအရင်းကို သဘောပေါက်လိုက်ဟန်ဖြင့် လွှမ်းကျော်ကို စွေကြည့်မိသည်။ သော်တာဟူသော မိန်းမပျိုကလည်း ရှက်သွားဟန်ဖြင့် လွှမ်းကျော်ကို မျက်စောင်းထိုးသည်။ 

“ဟုတ်ကဲ့။ တွေ့ရတာဝမ်းသာပါတယ်။”
ကျွန်တော် ကမ်းပေးသောလက်ကို သော်တာ အသာအယာ ဆုပ်ကိုင်၍လွှဲခက်လိုက်သောအခါ…

ကျွန်တော် မင်းထင်ပါ။ လွန်ခဲ့တဲ့ ၁၄နှစ်တုန်းက မင်းထင်ပါဘဲ။ ဒါပေမယ့် ဒီနေ့တော့ ရင်ခုန်သံတွေအရင်ကထက်ပိုမြန်နေသလိုဘဲဗျာ။

Saturday, January 7, 2012

ကမ်းရိုက်တဲ့လှိုင်း

နီးလျက်နဲ့ဝေး…။ ထိုစကားကို ပါးစပ်ဖျားက အလွယ်တကူ ပြောခဲ့ဖူးပေမယ့် ခုကိုယ်ကိုယ်တိုင် ခံစားရတော့မှ လွယ်ကူလှသော ခံစားချက် မဟုတ်မှန်းသဘောပေါက်လိုက်သည်။ အသက် ၃၀ ဆိုသည်မှာ မိန်းကလေး တစ်ယောက်ကို အရူးအမူး ညှိတွယ်သင့်သည့်အရွယ်မဟုတ်တော့။ မိန်းမတစ်ယောက်ကြောင့် ညညအိပ်မပျော်နိုင် ဟု ၀န်ခံရန်လည်း ရှက်မိပါသည်။ ပူပူနွေးနွေးလက်ထပ်ယူထားသော ဇနီးသည် စုစုလှိုင် ၏ သံသယကင်းသည့် မျက်ဝန်းများကို ရင်ဆိုင်ရန်လည်းရှက်မိသည်။ ပို၍ရှက်မိသည်က ကျွန်တော့်အသည်းနှလုံးကို ဆုပ်ခါနေသူ မိန်းကလေးမှာ ယုယုလှိုင် ဖြစ်နေခြင်းပင်။

***

‘ဒါ စု အစ်မလေ။ စင်ကပူကနေ မနေ့ကမှပြန်ရောက်တာ။ စကောလားရှစ်နဲ့ ဘွဲ့လွန်ရလာတာနော်။ ခေသူမဟုတ်ဘူး။ အိုင်တီနဲ့ ပတ်သတ်လာရင် ယု ကိုသာမေး။ ကွန်ပြူတာ တစ်ခုလုံးကို ကိုက်စားထားတဲ့သူ။ သူမသိတာမရှိဘူး။ တစ်နေ့တစ်နေ့ ကွန်ပြူတာ မျက်ခွက်ကိုဘဲ ကြည့်ကြည့်နေလို့ ခုထိ ရည်းစားမရှိ အပျိုကြီးဖြစ်နေတာဘဲကြည့်။’ မင်္ဂလာပွဲကျမှ စတွေ့ဖူးတဲ့ ခယ်မဖြစ်သူ ယု အကြောင်း သတို့သမီး စု က မနားတန်းပင် ချီးမွန်းခန်းဖွင့်နေသည်။ ယု ကတော့ အချင်းချင်း မြှောက်နေပြန်ပါပြီ ဟုဆိုကာ ဖွဖွလေး ပြုံးသည်။ ထိုအချိန်တုန်းကတော့ ယုယုလှိုင်ကို တည်ငြိမ်အေးချမ်းသော အပြုံးပိုင်ရှင်လေး တစ်ယောက် အဖြစ်သာ မှတ်မိခဲ့ပါသည်။

လက်ထပ်ပြီးတော့ တစ်ကောင်ကြွက်ဖြစ်တဲ့ ကျွန်တော်ကဘဲ စု တို့အိမ်မှာနေဖြစ်ခဲ့ပါသည်။ ကျွန်တော်ကိုယ်တိုင်က အိမ်အသစ်တစ်လုံး ၀ယ်ရန် အခြေအနေမပေးသည်က တစ်ကြောင်း၊ စု မိဘတွေက စုကိုမခွဲနိုင်၍ တစ်နှစ်လောက်တော့ အိမ်ခွဲမနေရန် တောင်းပန်လာသည်ကတစ်ကြောင်း လို့ဘဲဆိုရမည်။ စု က ၁၀တန်းပြီး သက္ကသိုလ် ဆက်မတက်ချင်ဘူး ဆိုကာ မော်ဒန်သင်တန်း တက်လိုက်၊ အရံအဆိုတော်လုပ်လိုက်ဖြင့် ယောင်ခြောက်ဆယ်လုပ်နေသူဖြစ်သည်။ အရွယ်လေးကလည်းကောင်း၊ ကိုယ်လုံးကိုယ်ပေါက်ကလည်းရှိ၊ ထိုကိုယ်လုံးလေးကို အသားပေးသည့် ခပ်ကျပ်ကျပ် ခပ်တိုတို ခောတ်ဆန်ဆန် အ၀တ်အစားများလည်း ၀တ်လေ့ရှိသော စု ကိုလိုက်ပိုးပန်းသူမနည်းပါ။ ကျွန်တော်ကလည်း ထိုထဲမှတစ်ယောက်ပေပေါ့။ နောက်ဆုံးတော့ သူ့ထက်အသက် ၁၀နှစ်ကြီးတဲ့ ကျွန်တော့်ကို စုရွေးချယ်ခဲ့ပါတယ်။ စုက ကလေးစိတ်မကုန်သေး။ နွဲ့ဆိုးဆိုးတယ်။ သူမကြိုက်တာလုပ်မိရင်လည်း အကျိုးအကြောင်း ရှင်းပြခွင့်မပေးဘဲ ထင်ရင်ထင်သလို စိတ်ကောက်တတ်တယ်။ ဒါလေးတွေကိုဘဲ ချစ်နေရတာဆိုပြီး လိုက်ချော့ လိုက်မြူ နေရတာကိုဘဲ ပျော်ရွှင်စရာ တစ်ခုအဖြစ်ကျွန်တော်မြင်ခဲ့တယ်။ အဲဒါ ရည်းစားဘ၀တုန်းက အတွေး။

စုနဲ့လက်ထပ်လိုက်တာ အိပ်မက်တစ်ခုက လန့်နိုးလာသလိုပါဘဲ။ စိတ်ကူးယဉ်ဆန်တဲ့ အချစ်ကမ္ဘာလေးကနေ ရှုပ်ထွေးတဲ့ တကယ့်ဘ၀ကြီးထဲကို ပစ်ထည့်ခံလိုက်ရသူကျွန်တော်…. တကယ်တန်းကျတော့ ထင်သလောက်စိတ်ဓါတ်မကြံခိုင်ခဲ့။ နေ့တဓူဝ စုအကြိုက်လိုက်နေရတာကို ငြီးငွေ့လာခဲ့တယ်။ မော်ဒန်မင်းသားတွေ၊ အဆိုတော်ပေါက်စတွေနဲ့ ပါတီသွားသွားနေတဲ့ စုကို ငြိုငြင်လာခဲ့တယ်။
ဘာကိစ္စမှ တိုင်ပင်လို့မရ၊ အကြံပေးဖေါ်မရတဲ့ စုကို စိတ်ပျက်လာခဲ့မိတယ်။ ရုံးကမောမောပန်းပန်းနဲ့ ပြန်လာတဲ့ယောင်္ကျားကို အပြုံးနဲ့ကြိုဖို့ဝေးလို့ မုန့်ဟင်းခါးစားချင်တယ် ၀ယ်ပေးဆိုပြီး နှုတ်ခမ်းစူ တတ်တဲ့ စုအပေါ်….. အချစ်တွေတစ်နေ့တစ်ခြားလျော့နည်းလာခဲ့ရပါတယ်။

ကျွန်တော့်ရဲ့ မွန်းကျပ်နေတဲ့စိတ်တွေရဲ့ထွက်ပေါက်ကတော့ ယုပါ။ ညီအစ်မ ၂ယောက်ကတော့ ရုပ်ချင်းဆင်လို့သာ တစ်အမေ တစ်အဖေထဲ ကမွေးတယ်လို့ ယုံရမယ် ဗီဇချင်း အကျင့်ချင်းက တစ်ခြားဆီပါဘဲ။ ယု ကနိုင်ငံခြားပြန်သာဆိုတယ် အမြဲတမ်း မြန်မာထဘီကို ၀တ်ကျင့်ရှိသူ၊ ဖေါ်ရွေပြီး နှစ်လိုဖွယ် အပြုံးပိုင်ရှင်မို့ မြင်သူတိုင်းရင်အေးစေသူပေါ့။ ပြဿနာက ယု အလုပ်လုပ်နေတဲ့ ကုမ္ပဏီ နဲ့ ကျွန်တော် အလုပ်လုပ်နေတဲ့ ကုမ္ပဏီ ပူးပေါင်းလိုက်ရာကစတာပါ။ ယု ကိုကွန်ပြူတာကျွမ်းကျင်သူလို့ သိထားပေမယ့် တကယ်အတူတူအလုပ်လုပ်ကြည့်တော့မှ ကျွမ်းကျင်တာထက်ကို ပိုပြီး သိနေတတ်နေတဲ့သူမှန်း ကြုံတွေ့လိုက်ရတော့တယ်။ ကိုယ့်ထက်လပိုင်းငယ်နေတဲ့ ယု ကို အချို့ကိစ္စတွေမှာ တပည့်ခံပြီး မေးရတာ မျက်နှာတော့ပူပေမယ့် မကြာခနဆိုသလို မေးဖြစ်ခဲ့တယ်။ မေးချင်တာလည်းပါတာပေါ့။ မရှက်တမ်းဝန်ခံရရင်တော့ ယု ရဲ့စူးစူးစိုက်စိုက်အလုပ်လုပ်ပုံကို တွေ့ချင်စိတ်က သာသာလေးကို ပိုပြီးပါလိမ့်မယ်။ နောက်ပြီး ကွန်ပြူတာ စခရင် ကိုလှမ်းကြည့်ဟန်ပြုရင်း ယု ရဲ့ဆံနွယ်လေးတွေကို ဖွဖွနမ်းရှုံ့ရတာတွေ…။

ရုံးကိုအတူသွား အတူပြန်ရင်း ယုနဲ့ကျွန်တော် ပိုရင်းနှီးလာတယ်။ ပိုသိကျွမ်းလာရလေ ပိုစွဲလန်းမိလေပါဘဲ ယုရယ်။ မဖြစ်သင့်ဘူးဆိုတာ သိလျက်နဲ့ ဒီခံစားချက်တွေကို ကျွန်တော် ချိုးနှိမ်ဖို့ မကြိုးစားခဲ့ရက်ဘူးဗျာ။
***

လက်များက တစ်ဆတ်ဆတ် တုန်ခါလျက်ရှိသည်။ စာရွတ်အဖြူပေါ်မှ ‘ယု ပရောဂ ကြောင့်ဘယ်သူကိုမှ စိတ်မထိခိုက်စေချင်ဘူး၊ ညီမလေးကို ပိုလို့တောင် မထိခိုက်စေချင်ဘူး’ ဆိုတဲ့ စကားလုံးလေးတွေက ကျွန်တော့်ကို လှောင်ရီနေသလိုပါဘဲလား။ တကယ့်ပြဿနာအရင်းအမြစ်က ကျွန်တော်ပါ။ ခုလို ယု ရှောင်ထွက်သွားမယ့်အစား ကျွန်တော့်ကို စိတ်ဆိုးလိုက်၊ အပြစ်ပေးလိုက်ပါတော့လား။ ယု စင်ကပူ မှာဘဲ အခြေချတော့မယ်ပြောတုန်းက ဒီလိုဆုံးဖြတ်ရတဲ့ အကြောင်းအရင်းကို ဘာလို့များမစဉ်းစားမိတာလဲ။ ယုရဲ့ဓါတ်ပုံနဲ့ ကျွန်တော့်ခံစားချက်တွေ ရေးသားထားတဲ့ စာအုပ်ကို ဘာလို့များရုံးဗီဒိုထဲမှာ သိမ်းထားခဲ့တာလဲ။ Meeting အတွက်လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကျန်ခဲ့တဲ့နေ့က ဘာလို့များ ယု ကိုရုံးပြန်ပြီးသွားရှာခိုင်းမိတာလဲ။ အဖြေရှာမရသော မေးခွန်းများ ခေါင်းထဲတွေ တသီကြီးပေါ်လာသည်။ ညှိုးနွမ်းသော မျက်နှာလေးဖြင့် လေယာဉ်ကွင်း မဆင်းမှီ လက်ပြနေသော ယု ပုံရပ်က တဖန်တိုးဝင်လာပြန်သည်။

အံကိုကျိတ်ထားရင်းမှ မျက်ရည်တစ်ပေါက် စာရွက်ပေါ်သို့…။

Saturday, November 21, 2009

သားရဲ့အဖေ

ခု post ကတကယ်တော့ အဖေ့ရဲ့သား ဆောင်းပါးရဲ့အဆက်ပါ။ ဒီတိုင်းကြီးဖတ်ရင် အရသာပေါ့တာမို့ အဖေ့ရဲ့သား (၁) နဲ့ (၂) ကိုအရင်ဖတ်စေချင်ပါ၏။

ပြီးပြည့်စုံသော မိသားစုဘ၀။
ကျွန်တော်အမြဲတည်း တောင့်တခဲ့သောအရာ… ဘယ်တော့မှလည်း ပြန်မရနိုင်တော့သောအရာ…

ကျွန့်တော့်အသက် ၅၀ပြည့်ခဲ့ပြီ။ ဒီအသက်အရွယ်တွင် ကျွန်တော့်မှာအနာဂါတ်မရှိနိုင်တော့၊ အတိတ်သာကျန်ရစ်သည်။ အတိတ်ကိုစဉ်းစားလျှင်တော့ ပျော်ရွှင်ရပါသည်။ ကျွန့်တော့်တွင် ဇနီးချောလေး ငြိမ်းလည်းရှိခဲ့သည်။ သားလိမ္မာလေး ရဲခေါင်လည်းရှိခဲ့သည်။ ပျဉ်ထောင်အိမ်လေးဖြင့်နေရသော်ငှား ကျွန်တော်ကျေနပ်မိသည်။

သို့သော်…ကျွန်တော်ဤမျှနှင့် ကျေနပ်နေ၍မဖြစ်။ သားလေးရဲခေါင်အတွက် ကျွန်တော်ဒီ့ထက်ကြိုးစားရမည်။ သားကြီးလာရင် ကြိုက်တဲ့ပညာရေးလမ်းကြောင်းရွေးနိုင်အောင်၊ လူပုံအလယ်တွင် ရင်ကော့ခေါင်းမော့နေနိင်အောင် ကျွန်တော်ကြိုးစားရမည်။ ထို့ကြောင့်လည်း ကျွန်တော်ကော်ဖီခြံလုပ်ငန်းကို တိုးချဲ့ကာ ကော်ဖီချက်စက်ရုံတည်ထောင်ခဲ့၏။

ကော်ဖီချက်လုပ်ငန်းမှာ အပြိုင်အဆိုင်များလှသည်။ ကျွန်တော့်မှာလည်း စီးပွားရေး အတွေ့အကြုံသိပ်မရှိ သဖြင့် ၂၄နာရီလိုလိုပင် စာရင်းဇယားတွေကြားထဲ ခေါင်းစိုက်နေခဲ့ရသည်။ ကျွန်တော်သိပါသည်။ ယခင်ကလို ကျွန်တော်ချစ်သောမိသားစု အတွက်သိပ်အချိန်မပေးနိုင်တော့။ ကျွန်တော်အိမ်ပြန်ရောက်လျှင် ငြိမ်းရော၊ သားလေးသာအိပ်မောကျနေသည်ကများသည်။ အိပ်ပျှော်နေသော သားလေးကိုသာပုံပြင်ပြောပြကာ မျက်ရည်ကျရုံမှလွဲ၍ သူ့အတွက်ဘာမှ မလုပ်ပေးနိုင်ခဲ့။

အဆိုးဆုံးကတော့ ငြိမ်း… ကျွန်တော့်ကို သစ္စာဖောက်ခဲ့သည်။
“ယောင်္ကျားရဲ့ကြင်နာမှုကို မရတဲ့မိန်းမတစ်ယောက်ရဲ့ ဘ၀ကိုရှင်သိရဲ့လား။ ကျွန်မမှာ လင်ငုတ်တုတ်ရှိလျတ်နဲ့ မုဆိုးမလိုဘဲ။” တဲ့… ငြိမ်းပြောဖူးသည်။

ကျွန်တော်ထိုခံစားမှုကို မသိကောင်းမသိဖြစ်မည်။ သို့ပေမယ့်… ကိုယ့်မိန်းမကိုယ့်အပေါ်သစ္စာဖေါက်သွားသည့် ခံစားမှုကိုတော့ ကောင်းကောင်းသိလိုက်ရပါသည်။ ငြိမ်းနဲ့ကျွန်တော့် အချစ်ဆုံးသူငယ်ချင်း မင်းသူ အကြောင်းသတင်းတွေထွက်လာခဲ့သည်။ ထိုသတင်းတွေကို ငြိမ်းမငြင်းခဲ့ပါ။
“ဟုတ်တယ်လေ။ ကျွန်မကို ကြင်နာမှုပေးနိုင်တဲ့သူကို ရွေးချယ်လိုက်တာဘဲ။” ဟုသွေးအေးအေးဖြင့် တုန့်ပြန်ခဲ့သည်။

“သား ၁၂နှစ်ပြည့် မွေးနေ့ထိတော့ ဘာမှမဖြစ်သလိုနေပေးပါကွာ။ ငါ့သူ့ကိုစိတ်မထိခိုက်စေချင်ဘူး။”
ကျွန်တော်တောင်းပန်နေသည်ကိုပင် ငြိမ်းလက်မခံ။ ကွာရှင်းပေးရန်ပင် သူတောင်းဆိုခဲ့သည်။

“အဲလောက်တောင်ဖြစ်နေလည်းကွာဟာ။”
ငြိမ်းအတွက် ကျွန်တော့်၏ နောက်ဆုံးစကားလုံးပင်…

------------------ xxx ---------------------- xxx ------------------------ xxx ----------------

အချိန်တွေ ကုန်လွယ်လိုက်တာ။ သားတောင် ၁၀တန်းကျောင်းသားကြီးဖြစ်ပြီ။ ခုချိန်ထိ ငြိမ်းကိုကျွန်တော် အိမ်ပေါ်က နှင်ချလိုက်သည်ဟု သားထင်နေဆဲ။ ကျွန်တော်မဖြေရှင်းလိုပါ။ သားနှလုံးသားထဲမှာ ငြိမ်းကို မိခင်ကောင်းတစ်ယောက်အဖြစ်ရှိသွားစေချင်သည်။ ဒီအကြောင်းတွေသိသွားလည်း သားစိတ်ထိရုံကလွဲပြီး ဘာကောင်းကျိုးမှရှိလာမှာ မဟုတ်ဘူးလေ။

ကျွန်တော့်သားက တကယ့်ကိုဥာဏ်ကောင်းတဲ့ကောင်ဗျ။ ဆရာ၊ ဆရာမတွေဆို သူ့ကိုအမြဲချီးကျူးရတယ်။ ၁၀တန်းကျူရှင်မှာဆိုသူက Top ဘဲတဲ့။ ကျွန်တော်က မကြာခနဆိုသလို သားရဲ့ဆရာ၊ ဆရာမနဲ့သားအကြောင်းဆွေးနွေးနေကျ။ ခုလည်း သားရဲ့ Bio ဆရာမက ကျွန်တော့်ကိုခေါ်ထားသည်။ သားအကြောင်းချီးမွန်းခန်းဖွင့်တော့မည်ထင်၏။ သားအကြောင်းနားထောင်ရမည်ဆိုလျှင် ကျွန်တော်အလွန်တက်ကြွမိသည်။ ခုလည်း ဆရာမက ၂ခါခေါ်စရာမလို၊ သူ့ရုံးခန်းရှေ့သို့ရောက်ပြီးသားပင်။
ဆရာမလေးမျက်နှာကိုမြင်လိုက်သည်နှင့်ကျွန်တော်အတွေးမှားယွင်းနေကြောင်းသတိထား
လိုက်မိပါသည်။
ရဲခေါင်ရဲ့အမှတ်တွေအရမ်းထိုးကျသွားတယ်။ခုဆိုအတန်းထဲမှာအညံ့ဆုံးတောင်ဖြစ်တော့မယ်။
ဆရာမလေးကတည့်တည့်ကြီးပြောချလိုက်တော့ကျွန်တော့်မှာပါးစပ်အဟောင်းသားကြီးဖြစ်
သွားရသည်။သူမကျွန်တော့်ကိုစာရွက်ဖြူအချို့ လှမ်းပေးသည်။

“တကယ်တော့သူဖြေထားတာအကုန်မှန်တယ်။နောက်ဆုံး ၂ပုဒ်ကိုသာမခြစ်ချရင်အမှတ်ပြည့်ရမှာဘဲ။သူ့ ရဲ့စိတ်ထဲမှာဘာတွေတွေးနေလဲကျွန်မတော့
စဉ်းစားလို့ ကိုမရတော့ပါဘူး။”
ကျွန်တော်ဆရာမလေးရုံးခန်းထဲကလေးလံစွာထွက်လာခဲ့သည်။လက်ထဲတွင်နောက်ဆုံး
၃မျက်နှာကိုခြစ်ထားသောစာရွက်…..

“ဦး”
သားရဲ့သူငယ်ချင်းဆူးရင့်ပါလား။အရင်ကလိုအိမ်မှာစာလာမကျက်တာတောင်ကြာပြီ။သားရဲ့
အမှတ်တွေနည်းသွားလို့ များအပေါင်းအသင်းမလုပ်ချင်တော့တာများလား။ဒါမှမဟုတ်…….

“ဘာတွေစဉ်းစားနေဒါလဲ ဦးရဲ့။သမီးဆူးရင့်လေ။မမှတ်မိတော့ဘူးလား။”

“သြ….အေး..အေး။မှတ်မိပါတယ်ကွယ်။”
“ဆရာမကိုလာတွေ့ တာလား…ဦး။”
အမှန်တော့ကျွန်တော်သူ့ အမေးကိုမဖြေချင်ပါ။သို့ သော်…..

“ဟုတ်ပါ့ကွာ။ဒီကောင်ဘာတွေစိတ်လေနေလဲမသိပါဘူး။ Bio ကိုဖြေထားတာအောင်ရုံအမှတ်ဘဲရတယ်။ဟူး…..”
ပြုံးရွှင်နေသောဆူးရင့်မျက်နှာတစ်ချက်ပျက်သွားသည်ကိုသတိထားမိသည်

“အလကားကောင်၊ဦးကတော့သူ့ ကိုပညာတတ်ကြီးဖြစ်စေချင်လွန်းလို့ 
အားပေးလိုက်ရတာ၊အိမ်ရောက်မှဒီကောင့်ကိုဆော်ရမယ်၊ဒါမှကြိုးစားချင်စိတ်ရှိလာမှာ။”

“ရဲခေါင် ကိုမရိုက်ပါနဲ့ ဦးရယ်၊သူကအဖြေမှန်ကိုတမင်ခြစ်ချလိုက်တာပါ။”

“ဘယ်လို…..ဦးကိုရှင်းပြပါဦး၊ဆူးရင့်ရယ်၊ဦးသားကဘာလို့ များ…….”

ဆူးရင့်ရဲ့ရှင်းပြမှုကိုနားထောင်ရင်းကျွန်တော်မငိုမိအောင်မနည်းထိန်းထားခဲ့ရပါသည်။
ကျွန်တော့်ရဲ့သားအပေါ်ဖြစ်စေချင်မှုကတကယ်တော့သူ့ ကိုအဆိုးဆုံးရောက်အောင်ပို့ သလို
ဖြစ်နေပါလား။ကျွန်တော်ဟာဖခင်ကောင်းတယောက်မဟုတ်ခဲ့ပါလားဗျာ။ ကျွန်တော့်အမှားများအချိန်မှီပြင်ရမည်။သူ့  ကိုစိတ်ကြိုက်လမ်းရွေးချယ်ခွင့်ပေးမည်။ကျွန်တော့်သားနှင့်သားရဲ့အနာဂါတ်ပညာရေး
အကြောင်းဆွေးနွေးမည်။ကျွန်တော့်အချိန်စာရင်းထဲမှာသားအတွက်တစ်နေရာအမြဲဖယ်
ကာထားလိုက်ပါပြီ။သားအခန်းရှေ့ ကိုကျွန်တော်လှမ်းခဲ့သည်။ဟိုးအရင်တချိန်ကသားကို
စာသင်ပေးရန်ခေါ်သကဲ့သို့ ပင်ကျွန်တော်ခေါ်လိုက်မိသည်……..

“သား….လူလေးရဲခေါင်…ခဏထွက်ခဲ့ပါဦးကွာ။အဖေပြောစရာရှိလို့ …….” ဟူ၍။

Friday, February 20, 2009

အဖေ့ ရဲ့သား (၂)

ကျွန်တော် ၁၂နှစ်ပြည့်မွေးနေ့ မရောက်ခင်တစ်နေ့၊ အဖေ့အား နာကြည်းခဲ့သောနေ့၊ ထိုနေ့က အမေအိမ်ပေါ်မှ ဆင်းသည်။

“အဲလောက်ဖြစ်နေရင်လည်း ကွာမယ်ကွာ။” ဟုပြောလိုက်သော အဖေ့စကားသံကို ကျွန်တော် နား ၂ဖက်ပိတ်ထားသည့်ကြားကပင် အသေအချာကြားလိုက်ပါသည်။ အဖေနဲ့ အမေ့ရဲ့ ပြဿနာကို ကျွန်တော်ကောင်းကောင်းနားမလည်နိုင်ပေမယ့် အကြောင်းရင်းခံက အဖေ့ဒေါသကြောင့်ဘဲဖြစ်မည်ဟု ကျွန်တော်ကောက်ချက်ချခဲ့သည်။ ကျွန်တော်တို့ထက် ငွေကိုပို၍အလေးထားသူ အဖေ၊ အေးချမ်းနေသော မိသားစုဘ၀လေးကို ဖျက်စီးခဲ့သူ အဖေ။ ကျွန်တော်အဖေ့ကို မုန်းတီးခဲ့မိသည်။ စိတ်နာခဲ့မိပါသည်။

ယခုကျွန်တော် ၁၀တန်းရောက်ပြီ။ သူငယ်ချင်းမိဘတွေ သားသမီးနွဲ့ ဘယ်လိုင်းစိတ်ဝင်စားသလဲ၊ ၁၀တန်းပြီးရင် ဘာဆက်တက်မလဲ စသဖြင့်ဆွေးနွေးတိုင်ပင်နေချိန်တွင် ကျွန်တော့်ကိုအဖေပြောသော တစ်ခွန်းတည်းသောစကားလုံးမှာ “ကောင်းကောင်းဖြေ။ ဆရာဝန်လိုင်းအမှတ်မှီအောင်လုပ်၊ မင်းဆရာဝန်ဖြစ်ရမယ်။ ဒါမှဂုဏ်ရှိမှာ။” ဟူ၍…..

ဆရာဝန်…ဆရာဝန်သည်ကျွန်တော် အမုန်းဆုံးအလုပ်။ ဆေးထိုးအပ်ကိုယ်မည့်အစား ဓါးမကိုင်ကာနွားသတ်သမားဘဲလုပ်စားလိုက်ချင်ပါသည်။ ကျွန်တော့်ဘ၀ကို မနှစ်သက်သော ရွေးချယ်မှုဖြင့် အဆုံးမသတ်လို။

အမှတ်မှီအောင်လုပ်ရမယ်… အမှတ်မှီရင်……. အမှတ်မှီမှ………။

ကျွန်တော့်စိတ်ထဲ အလွန်ရူးမိုက်သောအတွေးတစ်ခုဝင်ရောက်လာသည်။ ဆရာဝန်လိုင်းဆိုတာ အမှတ်မြင့်မှရနိုင်တာဘဲ။ ဘာသာ ၁ခုခုကို အောင်ရုံလေးဘဲဖြေရင် ဆေးကျောင်းဝင်မှာမဟုတ်ဘူး။ ဒါဆိုဆရာဝန်လည်းလုပ်စရာမလိုတော့ဘူးပေါ့….။

---------xxx-------------------------------xxx-------------------------------xxx---------

“ဘယ်လို…? နင်ရူးများနေလား၊ ရဲခေါင်။ ဒါမှမဟုတ် ညက Playstation ဆော့တာများသွားလား?”

ကျွန်တော့် သူငယ်ချင်း ဆူး ၁ယောက်ကျွန်တော့် idea ကြောင့်ထိုင်နေရာကပင်ထ၍ ခုန်၏။

“နင်ဘာတွေတွေးနေတာလဲဟာ။ နင်ဆရာဝန်မလုပ်ချင်ကြောင်း နင့်အဖေကိုပြောပြလိုက်ရင် ပြီးတာဘဲပေါ့။”

ကျွန်တော်သူ့မကို မော့မကြည့်ဘဲ ခေါင်းခါမိသည်။ အစတည်းက အဖေနဲ့စကားပြောရင် အပေါက်လမ်းတည့်သည်မဟုတ်။ ဒီကိစ္စကြောင့်ကျွန်တော် ထပ်၍အငြင်းမပွားချင်။ ဘယ်သူနိုင်မှန်းကြိုသိနေတဲ့ တိုက်ပွဲတစ်ခုကို ဘာလို့စနေမလဲလေ…..

“နင် ၁၀တန်းအမှတ်ကောင်းမှ ကြိုက်တဲ့လိုင်းလျှောက်လို့ရမှာ။ နင်သွားချင်တဲ့ US ကိုလည်းသွားလို့ရမှာ။ နင့် IQ နဲ့ all D လောက်အသာလေးရနိုင်တဲ့ဟာကို… အရူးမထချင်စမ်းပါနဲ့ဟာ။ “

ဒီတစ်ခါလည်းကျွန်တော် သူ့မျက်နှာကို မကြည့်ဘဲပြောမိသည်။ “နင်ငါ့အဖေကို နားမလည်ပါဘူး၊ ဆူးရယ်။”

“နင်က နင့်အဖေကို ဖြစ်ချင်တာတွေဖွင့်ပြောဖို့ထက် စာမေးပွဲကို အောင်ရုံဘဲဖြေရတဲ့လမ်းကိုရွေးမယ်ပေါ့? "

ကျွန်တော်ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။ သူမ မျက်ဝန်းနဲ့ဝေးရာလမ်းမကြီးပေါ်ကို ကြည့်နေစဲ……..။

---------xxx-------------------------------xxx-------------------------------xxx---------

စာမေးပွဲနားနီး၍ ကျူရှင်က ပိုင်းလော့ဆိုလား ဘာဆိုလားစစ်သည်။ ဘာမှတော့မဟုတ်… တကယ့် ၁၀တန်းဖြေသလို အချိန်အတိအကျ၊ စည်းကမ်းအတိအကျ ဖြင့်ဖြေခိုင်းခြင်းပင်။ ဒီနေ့ Bio ပိုင်းလော့။ မေးခွန်းတွေက မခက်ပါ။ အချိန်မပြည့်ခင်ပင် အကုန်ဖြေပြီးလေပြီ။ ကျွန်တော့် plan ကိုစပါတော့မည်။ Bio သည်အောင်ရုံသာဖြေရန် ရွေးချယ်ထားသောဘာသာတစ်ခု။ အမှတ်လျော့အောင်လုပ်သည့် နည်းလမ်းတွေက များပါသည်။ သိပ်စဉ်းစားရန်မလို… ပေတံနှင့် ဘောပင်ကို ကောက်ကိုင်ကာ နောက်ဆုံးဖြေထားသော မေးခွန်းရှည် ၂ပုဒ်ကို ခြစ်ချလိုက်သည်။ ဒီလောက်ဆိုရင် အမှတ် ၄၀လောက်ပြုတ်ပြီ။ ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်ကာပြုံးမိပါသေးသည်။

---------xxx-------------------------------xxx-------------------------------xxx---------

ဒီနေ့ Bio ဆရာမက အဖေ့ကိုခေါ်တွေ့တယ်ဆိုဘဲ။ အားလုံးကိုရင်ဆိုင်မည်ဟုအားတင်းထားရင်းနှင့်ပင် နှလုံးခုန်သံတွေမြန်လာခဲ့သည်။ ကျွန်တော့်အမှတ်ကို သိပြီးလျှင်တော့ အဖေ့ကျွန်တော့်ကို နှစ်ပြားမတန်အောင်ဆူတော့မည်။ ဗေဒင်မေးစရာမလို၊ ကျိမ်းသေပင်။

“သား၊ လူလေးရဲခေါင်။ ခဏထွက်ခဲ့ပါဦးကွာ။ အဖေပြောစရာရှိလို့။”

ဟော… အဖေပြန်လာပြီ။

သား? လူလေး? အဖေကျွန်တော့်ကို ဒီလိုမခေါ်တာကြာပါပြီ။ ခုမှဘာလို့များ…??? Bio အမှတ်တွေမြင်လို့ အဖေဒေါသထွက်လွန်ပြီး ပေါက်သွားပြီလား။ ကျွန်တော်မထွက်လာမှာစိုး၍ ဥာဏ်နီဥာဏ်နက်ဖြင့်ခေါ်ခြင်းလား။ Question marks… question marks…….

ဘယ်လိုကြောင့်ဘဲဖြစ်ဖြစ် ကျွန်တော်အဖေ့ကိုရင်ဆိုင်ရမှာဘဲလေ။ ထွက်တာပေါ့။

ရှိရှိသမျှ သတ္တိတို့ ကိုယ့်ကိုယ်ကိုသွင်းကာ အဖေထိုင်နေသော ကုလားထိုင်ဆီသို့လျှောက်လှမ်းခဲ့သည်။