Monday, February 2, 2009

အဖေ ရဲ့သား

သြ... ဒီ blog လေးကိုတောင်လှည့်မကြည့်ဖြစ်တာအတော်ကြာနေပါ့လား။ ဖုန်မကဘူး၊ မှိုတောင်တက်နေလောက်ပြီ။ Post အသစ်တွေကို ရေးတော့ရေးဖြစ်ပါတယ်။ Publish လုပ်ဖို့မအားနိုင်ဘူးဖြစ်နေလို့..... ဒီနေ့တော့ ကျွန်တော်ရေးထားတဲ့ ဇာတ်လမ်းတိုလေးရဲ့ နိဒါန်းတစ်ပိုင်းတစ်စလေးကို မရရအောင်တင်လိုက်ပါတယ်။ Enjoy... :)

အဖေ။ ။
အဖေ ဆိုသော စကားလုံးအားကြားလိုက်ရသည်နှင့် ငယ်စဉ်က အဖေကျွန်တော့ကို စာသင်ပေးနေသော ပုံရိပ်၊ ပုံပြင်ပြောပြနေသော ပုံရိပ်တို့ တစ်ဖွားဖွားပေါ်ကာလာ၏။ အဖေဟာ ကျွန်တော့် ဖခင်ကောင်း တစ်ယောက်၊ အမေ့ ခင်ပွန်းကောင်းတစ်ယောက်ပါ။ အရာအားလုံးထက် ကျွန်တော်တို့ မိသားစုကို ပိုအလေးထားတယ်ဆိုတာ အဖေဖွင့်ထုတ်မပြောပေမယ့် ကျွန်တော် ခံစားမိရပါတယ်။

“သားတစ်ယောက်ထဲရှိလည်း ကျွန်တော်ကတော့ အေးဆေးဘဲဗျို့။ ဒီကောင်က ကြီးလာရင်အားကိုးရမှာဗျ။” ဟူ၍မိတ်ဆွေတို့အား အဖေပြောလေတိုင်း ကျွန်တော်လေဘ၀င်ဟပ်၍ မဆုံးနိုင်ခဲ့။ အဖေသည် ကျွန်တော့်စိတ်ကို အသိဆုံးသူဖြစ်၏။ ကျွန်တော်ဖြစ်ချင်သည်တို့ကို အလေးထားရုံ၊ သိရုံသာမက မရရအောင်လည်း ဖြည့်စွမ်းပေးသည်။

အလုပ်တွေရှိလျက်နှင့်ပင် ၃လတစ်ခါ မိသားစုအပျော်ခရီး အတူထွက်တာတွေ၊ မနက်အစောထစရာ ရှိလျက်နှင့် ကျွန်တော်မအိပ်မချင်း ပုံပြောပြတာတွေ….. အဖေ့မေတ္တာကို ငယ်စဉ်ဘ၀က ကျွန်တော်အပြည့်အ၀ ခံစားခဲ့ရပါသည်။

သို့သော်….. ထိုအချိန်တို့ကို ယခုအချိန်တွင် ကျွန်တော်ပြန်မရနိုင်တော့ပါ။
ကျွန်တော် ၇နှစ်သားအရွယ်တွင် ယခင်ဘိုးဘွားပိုင်ကော်ဖီခြံကို အဖေထိုးချဲ့ကာ ကော်ဖီစက်ရုံတည်ခဲ့သည်။ ထိုအချိန်မှစ၍ အဖေသည်အခြားသူတစ်ယောက်၊ အခြားသူစိမ်းတစ်ယောက်လိုပင် ပြောင်းလဲသွားခဲ့ပါသည်။ အမြဲတစေ ပြုံးရွှင်နေသော အဖေ့မျက်နှာသည်ပင် ယခုအခါခက်ထန်လာခဲ့ပြီ။ အဖေညညဆို အိမ်ပြန်နောက်ကျသည်။ ၄၊ ၅ ရက်ဆက်တိုက် စက်ရုံမှာဘဲအိပ်ဖြစ်ခဲ့သည့် ညပေါင်းလည်းမနည်းတော့။ အဖေ့ညအိပ်ရာဝင်ပုံပြင်တို့ကိုပင် မကြားရသည်မှာကြာလေပြီ။ အရင်တုန်းက မိသားစု ၃ယောက်ထမင်းလက်ဆုံစားခဲ့ သည့်စားပွဲဝိုင်းကြီးလည် စတိုခန်းသို့ရောက်ခဲ့ပြီ။ ဒါတွေကို အဖေမသိပါ။ ဂရုလည်းမစိုက်ခဲ့ပါ။ စက်ရုံ စရင်းဇယားတွေထဲမှာပင် နစ်မြုပ်နေခဲ့သည်။

ကျွန်တော် ၁၂နှစ်ပြည့်မွေးနေ့ မရောက်ခင်တစ်နေ့၊ အဖေ့အား နာကြည်းခဲ့သောနေ့၊ ထိုနေ့က အမေအိမ်ပေါ်မှ ဆင်းသည်။

ဆက်ပါဦးမည်...

Thursday, October 23, 2008

ဒိုင်ယာရီလေး

အဖေပြောဖူးတဲ့ ဇာတ်လမ်းလေးပါ။ စိတ်ထဲမှာခုထိ စွဲနေလို့ အားလုံးနဲ့ share လုပ်ဖြစ်သွားတာ။

“အဖေက ကျွန်တော့်ကိုနားမလည်ပေးဘူးဗျာ။ အဖေလုပ်ချင်တာကြီးဘဲ အဖေသိတယ်။ ကျွန်တော်အခု ၁၀တန်းအောင်ပြီးပြီဗျ။ ကလေးလေးမဟုတ်တော့ဘူး။ အရင်ကလို အဖေပေးသမျှအမိန့်တွေကို တစ်ခွန်းပြန်မပြောဘဲ ခံလာတဲ့အကောင်မဟုတ်တော့ဘူး။ ဒိုင်ယာရီ၊ ဒိုင်ယာရီ။ ခုလည်းလာပြန်ပလား၊ ဒီဒိုင်ယာရီဆိုတဲ့ဟာ။ စာစရေးတတ်ကထဲက ဒိုင်ယာရီဘဲရေးလာရတာ။ ပထမတန်းမှာ အဆင့် ၁ ရတော့လည်း ဆုပေးတာတဲ့၊ ဒိုင်ယာရီစာအုပ်။ ထူးချွန်ဖြေတာအောင်တုန်းကလည်း ဒီဒိုင်ယာရီဘဲ။ သူများတွေ MP4 တွေ၊ ကတ်ဆက်တွေ အိမ်ကဆုပေးတာဆိုပြီးလာကြွားတဲ့အချိန် အဖေ့သား ဟောဒီ့ကကောင်ကြီးက ဒိုင်ယာရီကိုဘဲ နေ့စဉ်ကုန်းရေးနေခဲ့ရတာ။ “
ကိုယ့်ကိုယ်ကိုပင်အံ့သြမဆုံးဖြစ်ရပါသည်။ တစ်သက်လုံးတစ်ခါမှ မိဘကို “မဟုတ်ဘူး” လို့တောင်မငြင်းခဲ့တဲ့ ကျွန်တော်၊ ခုတော့အဖေ့ကို ခါးသီးစွာပင်ပြန်အော်နေမိပါလား။ အဖေလည်းအတော် shock သွားပုံရသည်။ စကားတစ်လုံးမှပြန်မပြောဘဲ ကျွန်တော့်ကိုပင် ထူးဆန်းစွာကြည့်နေ၏။ ထိမ်း၍မရတော့ပါ။ ၁၅နှစ်လုံးလုံးမျိုသိပ်ခဲ့ရတဲ့ နာကျင်မှုတွေ
အားလုံးပွင့်အန်ထွက်လာခဲ့သည်။

“ ခုကျွန်တော်က သူငယ်ချင်းတွေကို ကြွားထားပြီးပြီဗျ။ ကားအသစ်ရရင်အားလုံးကိုခေါ်ပြီး မြို့တစ်ပါတ် ပတ်မယ်လို့လည်း ချိန်းပြီးပြီ။ ခုအဖေက ကျွန်တော့်ကို ဒီဒိုင်ယာရီစာအုပ်ကြီးဘဲ လာပေးတော့ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ သူငယ်ချင်းတွေကိုဘယ်လိုမျက်နှာနဲ့ဆက်ပေါင်းရတော့မလဲ။ ဒိုင်ယာရီဆိုတာကြီးကို ကျွန်တော်ရေးချင်လွန်းလို့ရေးတာမဟုတ်ဘူးဗျ။ အဖေစိတ်ချမ်းသာအောင်ရေးပြနေရတာ။ အရင်တုန်းက လက်ဆောင်ဆိုတာနဲ့ ဒိုင်ယာရီဘဲပေးနေခဲ့တာကို ထားပါတော့။ ဒီတစ်ခါ ၁၀တန်းမှာ ဂုဏ်ထူးပါရင် ကားလေးတစ်စီးဝယ်ပေးပါလို့ အသေအချာပြောထားရဲ့သားနဲ့။ အဲဒါကိုဗျာ၊ အဖေက….. ”

ကျွန်တော့်အသံတိမ်ဝင်သွားခဲ့သည်။ အမြင်အာရုံသည်လည်းမျက်ရည်စတို့ဖြင့်ေ၀၀ါးလာသည်။ ရှိရှိသမျှ ဒေါသအားတို့ဖြင့် အဖေလက်ဆောင်ပေးသော ဒိုင်ယာရီစာအုပ်ကို ကြမ်းပြင်ပေါ်သို့ပစ်ချကာ ကျွန်တော်အဖေ့ကိုကျောခိုင်းခဲ့သည်။ ဟုတ်ပါသည်။ ထိုနေ့က ကျွန်တော်အိမ်ပေါ်ကဆင်းလာသည့်နေ့ပင်…..


သူငယ်ချင်း မျိုးအောင်အိမ်တွင် ညအိပ်ညနေတည်းလာခဲ့ရာ ၂ရက်မြောက်သောနေ့… ကြီးမေ ဖုန်းဆက်လာသည်။ အဖေ သွေးတိုးပြီးအိပ်ရာထဲလဲနေတယ်တဲ့… ကျွန်တော့်ကြောင့်ဘ်ဲဖြစ်ရမည်။ အဖေကဒေါသထွက်ရင် သွေးတိုးတတ်သည် မဟုတ်လား။ ကျွန်တော် အဖေကိုသွားကြည့်ရန်ဆုံးဖြတ်လိုက်သည်။ သို့သော် အဖေအားတောင်းပန်ရန် အစီအစဉ်မရှိ။ ကျွန်တော့်ဘက်ကမှန်သည်ဟု ခိုင်ခိုင်မာမာယူဆမြဲပင်။

အဖေ့အခန်းသည် ဆေးနံ့တို့ဖြင့်ပိတ်လှောင်နေ၏။ အဖေကတော့ ခုတင်ပေါ်တွင် ခွေခွေလေးအိပ်နေသည်။ နဘေးတွင် ကျွန်တော့်ကို ၁၀တန်းဂုဏ်ထူးရသဖြင့်လက်ဆောင်ပေးထားသော ဒိုင်ယာရီစာအုပ်။ ကျွန်တော့်ကို အိမ်ပေါ်မှဆင်းစေခဲ့သော စာအုပ်။ ဘာကြောင့်ဟူသော တိကျသည့်အကြောင်းပြချက်မရှိဘဲ ထိုစာအုပ်ကိုကျွန်တော်ကိုင်ကြည့်မိသည်။ စာအုပ်အဖုံးကိုအလှန်….. သေသပ်လှပသော စာအုပ်အဖုံးနောက်တွင် Tape ဖြင့်အသေအချာကပ်ထားသော သော့တွဲတစ်တွဲ နှင့် စာတိုလေးတစ်ပုဒ် ကျွန်တော့မျက်စိရှေ့ရောက်လာသည်။ စာတိုလေးရေးထားသည်မှာ… “ ၁၀ တန်းကိုထူးချွန်စွာအောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်၊ ငါ့သား။ လုပ်သင့်တာတွေလုပ်ပြီး လုပ်ချင်တာတွေလည်းလုပ်ရမှာပေါ့။ ဒီမှာ မင်းလိုချင်တဲ့ ကား။ လှိမ့်ချင်ရာလှိမ့်ပေတော့” တဲ့။

ကျွန်တော့် ပါးပြင် မျက်ရည်များဖြင့် ပူနွေးသွားခဲ့ရပါသည်။

Saturday, July 5, 2008

ရယ်မောခြင်း (၆)

Confident or confidential???

A young boy asks his Dad, "What is the difference between confident and confidential?"

Dad says, "You are my son, I'm confident about that. Your friend over there, is also my son, that's confidential!"

Saturday, June 28, 2008

ရယ်မောခြင်း (၅)

လင်မယားချင်းစိတ်သဘောထားမတိုက်ဆိုင်ရင် ရန်ဖြစ်မနေကြပါနဲ့။ ဒီစနစ်လေးကိုကျင့်သုံးကြည့်လိုက်ပါလား... XD

Husband: "When I get mad at you, you never fight back. How do you control your anger?"

Wife: "I clean the toilet."

Husband: "How does that help?"

Wife: "I clean it with your toothbrush.

Saturday, June 21, 2008

ရယ်မောခြင်း (၄)

ဟာသချည်းသက်သက်ဘဲဆိုပျင်းသွားမှာစိုးလို့ ဒီတစ်ခါ မေးခွန်းတိုဟာသလေး Post လုပ်လိုက်ပါတယ်။

It go in dry, it come out wet. The stronger it in, the stronger it get. We can have it on table just you and me, or on bed for better feel. What is it???
ဟိတ်ဟိတ်ဟိတ်...သူငယ်ချင်းတို့ရေ၊ မဟုတ်မဟတ်တွေတွေးမနေနဲ့နော်။ အဲဒါ Teabag ဗျ။ :P

Saturday, June 14, 2008

ရယ်မောခြင်း (၃)

အပါတ်တိုင်း စနေနေ့ည ၁၁:၅၉ ဆိုရင်ကျွန်တော်ရဲ့ ရယ်မောခြင်းတွေကို အားလုံးနဲ့မျှဝေခံစားနေကြပါ။ ခုလည်းမပျက်မကွက် လာပါပြီတဲ့ခင်ဗျာ။

လူနာ၏ သွားများသည် ပိုးစားပျက်စီးနေရုံမက ရောဂါပိုးဝင်ပြီးအနာတွေ ဖြစ်နေသည်။ ထို့ကြောင့် ဆရာဝန်က ...
"ခင်ဗျားရောဂါက တော်ရုံနဲ့မရဘူး၊ Antibiotic နဲ့ကုမှဖြစ်မယ်"
"ဟင်...ဒုက္ခဘဲ၊ ဆရာဘဲဖြစ်အောင် ကုပေးလို့မရဘူးလား၊ ဆရာ့အဒေါ်ဆီပြောင်းပြီတော့ မကုပါရစေနဲ့တော့" ဟုပြာပြာသလဲတောင်းပန်လေသည်။

Saturday, June 7, 2008

"ရယ်မောခြင်း (၂)"

ကျွန်တော်က ရိုးရိုးဟာသတွေထက် နည်းနည်းစဉ်းစားပြီးမှာရီရတဲ့ဟာမျိုးကိုပိုကြိုက်တယ်။ အဲဒါမျိုးက စိတ်ထဲမှာစွဲသွားပြီး တစ်နုံ့နုံ့တွေးရင်းပြုံးမိနေတတ်တာလေ။ ဥပမာ ဒီလိုမျိုးပေါ့။

သူငယ်ချင်းနှစ်ယောက်ဆုံကြသည်။
တစ်ယောက်က... "မင်းနဲ့ငါမတွေ့တာတောင် လ အတော်ကြာသွားပြီနော်"
"အေးကွ၊ မင်းမိန်းမမွေးပြီးကတည်းကဘဲ၊ ဒါနဲ့မင်းရဲ့သားလေး အတော်တတ်နေပြီလား"
"အေး...ကလေးကတော်တော် ဥာဏ်ကောင်းတယ်ကွ၊ ခုမှခြောက်လသားပဲရှိသေးတယ်၊ အဖေကိုကောင်းကောင်းမှတ်မိနေပြီ" ဟုခပ်ကြွားကြွားပြောသည်။
ထိုအခါသူငယ်ချင်းဖြစ်သူက... "ဟေ၊ ဒါဆိုရင်တော့မင်းအိမ်ကို ငါလာလည်လို့မဖြစ်ဘူးထင်တယ်"