Saturday, June 14, 2008

ရယ်မောခြင်း (၃)

အပါတ်တိုင်း စနေနေ့ည ၁၁:၅၉ ဆိုရင်ကျွန်တော်ရဲ့ ရယ်မောခြင်းတွေကို အားလုံးနဲ့မျှဝေခံစားနေကြပါ။ ခုလည်းမပျက်မကွက် လာပါပြီတဲ့ခင်ဗျာ။

လူနာ၏ သွားများသည် ပိုးစားပျက်စီးနေရုံမက ရောဂါပိုးဝင်ပြီးအနာတွေ ဖြစ်နေသည်။ ထို့ကြောင့် ဆရာဝန်က ...
"ခင်ဗျားရောဂါက တော်ရုံနဲ့မရဘူး၊ Antibiotic နဲ့ကုမှဖြစ်မယ်"
"ဟင်...ဒုက္ခဘဲ၊ ဆရာဘဲဖြစ်အောင် ကုပေးလို့မရဘူးလား၊ ဆရာ့အဒေါ်ဆီပြောင်းပြီတော့ မကုပါရစေနဲ့တော့" ဟုပြာပြာသလဲတောင်းပန်လေသည်။

No comments: