Thursday, October 23, 2008

ဒိုင်ယာရီလေး

အဖေပြောဖူးတဲ့ ဇာတ်လမ်းလေးပါ။ စိတ်ထဲမှာခုထိ စွဲနေလို့ အားလုံးနဲ့ share လုပ်ဖြစ်သွားတာ။

“အဖေက ကျွန်တော့်ကိုနားမလည်ပေးဘူးဗျာ။ အဖေလုပ်ချင်တာကြီးဘဲ အဖေသိတယ်။ ကျွန်တော်အခု ၁၀တန်းအောင်ပြီးပြီဗျ။ ကလေးလေးမဟုတ်တော့ဘူး။ အရင်ကလို အဖေပေးသမျှအမိန့်တွေကို တစ်ခွန်းပြန်မပြောဘဲ ခံလာတဲ့အကောင်မဟုတ်တော့ဘူး။ ဒိုင်ယာရီ၊ ဒိုင်ယာရီ။ ခုလည်းလာပြန်ပလား၊ ဒီဒိုင်ယာရီဆိုတဲ့ဟာ။ စာစရေးတတ်ကထဲက ဒိုင်ယာရီဘဲရေးလာရတာ။ ပထမတန်းမှာ အဆင့် ၁ ရတော့လည်း ဆုပေးတာတဲ့၊ ဒိုင်ယာရီစာအုပ်။ ထူးချွန်ဖြေတာအောင်တုန်းကလည်း ဒီဒိုင်ယာရီဘဲ။ သူများတွေ MP4 တွေ၊ ကတ်ဆက်တွေ အိမ်ကဆုပေးတာဆိုပြီးလာကြွားတဲ့အချိန် အဖေ့သား ဟောဒီ့ကကောင်ကြီးက ဒိုင်ယာရီကိုဘဲ နေ့စဉ်ကုန်းရေးနေခဲ့ရတာ။ “
ကိုယ့်ကိုယ်ကိုပင်အံ့သြမဆုံးဖြစ်ရပါသည်။ တစ်သက်လုံးတစ်ခါမှ မိဘကို “မဟုတ်ဘူး” လို့တောင်မငြင်းခဲ့တဲ့ ကျွန်တော်၊ ခုတော့အဖေ့ကို ခါးသီးစွာပင်ပြန်အော်နေမိပါလား။ အဖေလည်းအတော် shock သွားပုံရသည်။ စကားတစ်လုံးမှပြန်မပြောဘဲ ကျွန်တော့်ကိုပင် ထူးဆန်းစွာကြည့်နေ၏။ ထိမ်း၍မရတော့ပါ။ ၁၅နှစ်လုံးလုံးမျိုသိပ်ခဲ့ရတဲ့ နာကျင်မှုတွေ
အားလုံးပွင့်အန်ထွက်လာခဲ့သည်။

“ ခုကျွန်တော်က သူငယ်ချင်းတွေကို ကြွားထားပြီးပြီဗျ။ ကားအသစ်ရရင်အားလုံးကိုခေါ်ပြီး မြို့တစ်ပါတ် ပတ်မယ်လို့လည်း ချိန်းပြီးပြီ။ ခုအဖေက ကျွန်တော့်ကို ဒီဒိုင်ယာရီစာအုပ်ကြီးဘဲ လာပေးတော့ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ သူငယ်ချင်းတွေကိုဘယ်လိုမျက်နှာနဲ့ဆက်ပေါင်းရတော့မလဲ။ ဒိုင်ယာရီဆိုတာကြီးကို ကျွန်တော်ရေးချင်လွန်းလို့ရေးတာမဟုတ်ဘူးဗျ။ အဖေစိတ်ချမ်းသာအောင်ရေးပြနေရတာ။ အရင်တုန်းက လက်ဆောင်ဆိုတာနဲ့ ဒိုင်ယာရီဘဲပေးနေခဲ့တာကို ထားပါတော့။ ဒီတစ်ခါ ၁၀တန်းမှာ ဂုဏ်ထူးပါရင် ကားလေးတစ်စီးဝယ်ပေးပါလို့ အသေအချာပြောထားရဲ့သားနဲ့။ အဲဒါကိုဗျာ၊ အဖေက….. ”

ကျွန်တော့်အသံတိမ်ဝင်သွားခဲ့သည်။ အမြင်အာရုံသည်လည်းမျက်ရည်စတို့ဖြင့်ေ၀၀ါးလာသည်။ ရှိရှိသမျှ ဒေါသအားတို့ဖြင့် အဖေလက်ဆောင်ပေးသော ဒိုင်ယာရီစာအုပ်ကို ကြမ်းပြင်ပေါ်သို့ပစ်ချကာ ကျွန်တော်အဖေ့ကိုကျောခိုင်းခဲ့သည်။ ဟုတ်ပါသည်။ ထိုနေ့က ကျွန်တော်အိမ်ပေါ်ကဆင်းလာသည့်နေ့ပင်…..


သူငယ်ချင်း မျိုးအောင်အိမ်တွင် ညအိပ်ညနေတည်းလာခဲ့ရာ ၂ရက်မြောက်သောနေ့… ကြီးမေ ဖုန်းဆက်လာသည်။ အဖေ သွေးတိုးပြီးအိပ်ရာထဲလဲနေတယ်တဲ့… ကျွန်တော့်ကြောင့်ဘ်ဲဖြစ်ရမည်။ အဖေကဒေါသထွက်ရင် သွေးတိုးတတ်သည် မဟုတ်လား။ ကျွန်တော် အဖေကိုသွားကြည့်ရန်ဆုံးဖြတ်လိုက်သည်။ သို့သော် အဖေအားတောင်းပန်ရန် အစီအစဉ်မရှိ။ ကျွန်တော့်ဘက်ကမှန်သည်ဟု ခိုင်ခိုင်မာမာယူဆမြဲပင်။

အဖေ့အခန်းသည် ဆေးနံ့တို့ဖြင့်ပိတ်လှောင်နေ၏။ အဖေကတော့ ခုတင်ပေါ်တွင် ခွေခွေလေးအိပ်နေသည်။ နဘေးတွင် ကျွန်တော့်ကို ၁၀တန်းဂုဏ်ထူးရသဖြင့်လက်ဆောင်ပေးထားသော ဒိုင်ယာရီစာအုပ်။ ကျွန်တော့်ကို အိမ်ပေါ်မှဆင်းစေခဲ့သော စာအုပ်။ ဘာကြောင့်ဟူသော တိကျသည့်အကြောင်းပြချက်မရှိဘဲ ထိုစာအုပ်ကိုကျွန်တော်ကိုင်ကြည့်မိသည်။ စာအုပ်အဖုံးကိုအလှန်….. သေသပ်လှပသော စာအုပ်အဖုံးနောက်တွင် Tape ဖြင့်အသေအချာကပ်ထားသော သော့တွဲတစ်တွဲ နှင့် စာတိုလေးတစ်ပုဒ် ကျွန်တော့မျက်စိရှေ့ရောက်လာသည်။ စာတိုလေးရေးထားသည်မှာ… “ ၁၀ တန်းကိုထူးချွန်စွာအောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်၊ ငါ့သား။ လုပ်သင့်တာတွေလုပ်ပြီး လုပ်ချင်တာတွေလည်းလုပ်ရမှာပေါ့။ ဒီမှာ မင်းလိုချင်တဲ့ ကား။ လှိမ့်ချင်ရာလှိမ့်ပေတော့” တဲ့။

ကျွန်တော့် ပါးပြင် မျက်ရည်များဖြင့် ပူနွေးသွားခဲ့ရပါသည်။

Saturday, July 5, 2008

ရယ်မောခြင်း (၆)

Confident or confidential???

A young boy asks his Dad, "What is the difference between confident and confidential?"

Dad says, "You are my son, I'm confident about that. Your friend over there, is also my son, that's confidential!"

Saturday, June 28, 2008

ရယ်မောခြင်း (၅)

လင်မယားချင်းစိတ်သဘောထားမတိုက်ဆိုင်ရင် ရန်ဖြစ်မနေကြပါနဲ့။ ဒီစနစ်လေးကိုကျင့်သုံးကြည့်လိုက်ပါလား... XD

Husband: "When I get mad at you, you never fight back. How do you control your anger?"

Wife: "I clean the toilet."

Husband: "How does that help?"

Wife: "I clean it with your toothbrush.

Saturday, June 21, 2008

ရယ်မောခြင်း (၄)

ဟာသချည်းသက်သက်ဘဲဆိုပျင်းသွားမှာစိုးလို့ ဒီတစ်ခါ မေးခွန်းတိုဟာသလေး Post လုပ်လိုက်ပါတယ်။

It go in dry, it come out wet. The stronger it in, the stronger it get. We can have it on table just you and me, or on bed for better feel. What is it???
ဟိတ်ဟိတ်ဟိတ်...သူငယ်ချင်းတို့ရေ၊ မဟုတ်မဟတ်တွေတွေးမနေနဲ့နော်။ အဲဒါ Teabag ဗျ။ :P

Saturday, June 14, 2008

ရယ်မောခြင်း (၃)

အပါတ်တိုင်း စနေနေ့ည ၁၁:၅၉ ဆိုရင်ကျွန်တော်ရဲ့ ရယ်မောခြင်းတွေကို အားလုံးနဲ့မျှဝေခံစားနေကြပါ။ ခုလည်းမပျက်မကွက် လာပါပြီတဲ့ခင်ဗျာ။

လူနာ၏ သွားများသည် ပိုးစားပျက်စီးနေရုံမက ရောဂါပိုးဝင်ပြီးအနာတွေ ဖြစ်နေသည်။ ထို့ကြောင့် ဆရာဝန်က ...
"ခင်ဗျားရောဂါက တော်ရုံနဲ့မရဘူး၊ Antibiotic နဲ့ကုမှဖြစ်မယ်"
"ဟင်...ဒုက္ခဘဲ၊ ဆရာဘဲဖြစ်အောင် ကုပေးလို့မရဘူးလား၊ ဆရာ့အဒေါ်ဆီပြောင်းပြီတော့ မကုပါရစေနဲ့တော့" ဟုပြာပြာသလဲတောင်းပန်လေသည်။

Saturday, June 7, 2008

"ရယ်မောခြင်း (၂)"

ကျွန်တော်က ရိုးရိုးဟာသတွေထက် နည်းနည်းစဉ်းစားပြီးမှာရီရတဲ့ဟာမျိုးကိုပိုကြိုက်တယ်။ အဲဒါမျိုးက စိတ်ထဲမှာစွဲသွားပြီး တစ်နုံ့နုံ့တွေးရင်းပြုံးမိနေတတ်တာလေ။ ဥပမာ ဒီလိုမျိုးပေါ့။

သူငယ်ချင်းနှစ်ယောက်ဆုံကြသည်။
တစ်ယောက်က... "မင်းနဲ့ငါမတွေ့တာတောင် လ အတော်ကြာသွားပြီနော်"
"အေးကွ၊ မင်းမိန်းမမွေးပြီးကတည်းကဘဲ၊ ဒါနဲ့မင်းရဲ့သားလေး အတော်တတ်နေပြီလား"
"အေး...ကလေးကတော်တော် ဥာဏ်ကောင်းတယ်ကွ၊ ခုမှခြောက်လသားပဲရှိသေးတယ်၊ အဖေကိုကောင်းကောင်းမှတ်မိနေပြီ" ဟုခပ်ကြွားကြွားပြောသည်။
ထိုအခါသူငယ်ချင်းဖြစ်သူက... "ဟေ၊ ဒါဆိုရင်တော့မင်းအိမ်ကို ငါလာလည်လို့မဖြစ်ဘူးထင်တယ်"

Tuesday, June 3, 2008

ရယ်မောခြင်း (၁)

"ရယ်မောခြင်း" ဟာလူ့ဘ၀မှာ အမှန်တကယ်ကိုအရေးပါတာပါ။ တစ်နေ့ကို ၃ကြိမ်ဟက်ဟက်ပက်ပက်ရီလို့ရှိရင် အမြဲနုပျိုနေလိမ့်မယ်လို့တောင် ဆိုကြတယ်ကလား။ ဒါကြောင့်လည်း ကျွန်တော့် blog ထဲမှာ လက်ရွေးစင် ဟာသတိုလေးတွေကို တစ်ပါတ်တစ်မျိုး post လုပ်ပေးမယ်လို့ စိတ်ကူးမိတယ်။ ထောက်ခံတယ်ဟုတ်။ ကဲ.....ဒီနေ့ပြောပြမယ့် "ရယ်မောခြင်း" ကတော့

ကိစ္စတစ်ခုနှင့်ပတ်သတ်ပြီး မောင်နှမနှစ်ယောက် ငြင်းခုန်နေကြ၏။ အမက... "နင်ငါနဲ့ ပြိုင်မငြင်းနဲ့၊ ဒီမှာ ငါ့ကနင့်ထက်အရင်ထမင်းစားတာ သိရဲ့လား" ဟုအနိုင်နှင့်ပိုင်းဖို့ကြိုးစားရာ မောင်ငယ်က... "ဒါတော့အမက ကျောင်းကနေအိမ်ကိုစောစောပြန်ရောက်တာကိုး" ဟုပြန်လည်ချေပလိုက်လေသည်။

Sunday, May 4, 2008

Nargis အပြီးအပျက်အစီးပုံများ



























ဒီနေ့မနက် bbc ထံမှ သတင်းပေးပို့ချက်အရကတော့ ...

ဒလမြို့နယ်အတွင်း မြစ်ကမ်းတစ်လျှောက် ဆိုက်ကပ်ထားတဲ့ လှေလေးများ၊ အချို့သင်္ဘောများနဲ့ အိမ်ခြေအတော်များများ ရေနစ်မြုပ်သွားပါတယ်။ နောက်ပြီး ရန်ကုန်ဆိပ်ကမ်း၊ ဗိုလ်တထောင်၊ စည့်အိုးတန်း၊ လမ်းမတော်၊ ရွှေတောင်လမ်း ဘောတံတားတွေ ရေနဲ့မျောပါသွားခဲ့ရတယ်တဲ့။ Niknayman blog မှာမုန်တိုင်းဒဏ်ခံလိုက်ရတဲ့ ရန်ကုန်မြိှု့ကြီးရဲ့ အပျက်အစီးပုံတွေအပြင် Video ကိုပါကြည့်နိုင်ပါတယ်။ link ကတော့ http://niknayman.blogspot.com/ ပါ။ ကိုထိုက် blog ထဲက "မုန်တိုင်းနဲ့စဉ်းစားမိရာ" ဆိုတဲ့ post လေးကိုလည်းကျွန်တော်တော်တော်သဘောကျမိတယ်။ http://www.ko-htike.blogspot.com/ မှာဖတ်ကြည့်ကြပါ။

Saturday, May 3, 2008

မုန်တိုင်းစဲသွားပေမယ့် ...

Nargis မုန်တိုင်းဟာ မြန်မာစံတော်ချိန် ညနေ ၅နာရီခန့်မှာ ရပ်စဲသွားပါတယ်။ ရန်ကုန်မြို့ကြီး ကတော့ရစရာမရှိအောင်ဖြစ်ပြီးကျန်ခဲ့ရတယ်။ ယုဇနပလာဇာဆိုလည်း မှန်တွေအကုန်ကွဲတယ်၊ စလောင်းတွေဆိုလည်း ၉၀% လောက်ပျက်စီးတယ်၊ ၁၃၇ လမ်းက 'အမာဘီ' ဆိုတဲ့တိုက်ကတော့ အပေါ်ပိုင်းတစ်ခုလုံးကိုပြတ်ထွက်သွားတဲ့အထိ။ လူ ၇ယောက်လောက် မ ယူရမယ့် billboard ကြီးတွေတောင် လေထဲမှာလွင့်နေတာဆိုတော့ မုန်တိုင်းဘယ်လောက်ပြင်းသလဲခန့်မှန်းနိုင်ပါတယ်။ ဓါတ်မီးတိုင်တွေလဲ၊ ဖုန်းကြိုးတွေလည်းအကုန်ပြတ်ထွက်ကုန်လို့ ၁လအတွင်း မီးအားပေးရေး နဲ့ဆက်သွယ်ရေးပုံမှန်ဖြစ်ဖို့တောင် မလွယ်ဘူးလို့ပြောနေကြတယ်။ အဲ... ပိုဆိုးတာက

စားသောက်ကုန်တွေတက်ကုန်တာဘဲ။ အခြေခံ အစားအသောက်တွေကိုက ၅ဆနီးပါးတက်သွားတယ်။ ခုဖြစ်နေတာက တက်ဈေးနဲ့ဝယ်ပါမယ်ဆိုတာတောင် ရောင်းမယ့်သူရှားနေတယ်။ အစိုးရဆိုတဲ့ဟာကြီးတွေကတော့ ကယ်ဆယ်ရေးအတွက် အစည်းအဝေး လုပ်နေတယ်လို့ MRTV မှာလွှင့်တယ်ဆိုဘဲ... ဒါတွေကိုဘယ်သူက ကြည့်နိုင်မှာလဲဗျာ။ ရေဒီယိုလည်းမရ၊ မီးလည်းမလာတဲ့ဟာ....

ရန်ကုန် နှင့် Nargis


၂ ရက်နေ့၊ မေ (သောကြာနေ့) ညသန်းခေါင် ၁၂နာရီမှာစလိုက်တဲ့ Nargis မုန်တိုင်းဟာ စနေနေ့ မနက် ၁၀ နာရီလောက်အထိ ရန်ကုန်မြို့တွင် ၂ မိနစ်ခြားတစ်ခါ တိုက်ခတ်ခဲ့ပါတယ်။ ဒီမုန်တိုင်းဟာ Bangladesh ထဲကိုဝင်မယ်လို့ သောကြာနေ့ကအတည်ပြုပြီးသားပါ။ ဒါ့ကြောင့်လည်းဘာမှ ပြင်ဆင်မှုမရှိထားတဲ့ ရန်ကုန်မြို့သူမြို့သားတွေခမျာ စားရေးသောက်ရေးအတွက် အလွန်အခက်တွေ့နေရပါတယ်။ Nargis ရဲ့ပြင်းအားကတော့ 120 mph ပါ။ Strom Catagory ထဲမှာ အဆင့်၃ ရှိပါတယ်။ Nargis နဲ့အမျိုးအစားဆင်တဲ့ Sidr မုန်တိုင်း Bangladesh ကို November 2007 မှာဝင်တုန်းကတော့ လူပေါင်း ၃၀၀၀ ခန့်သေဆုံးခဲ့ရတယ်။ ခုချိန်ထိမြန်မာပြည်က သေဆုံးမှုစာရင်း မှာတော့ ဒလဘက် ကူးတို့ဆိပ်ကို ဖြတ်ကူးတဲ့ အမျိုးသမီး ၃ ဦး လှေမှောက်၍ ရေနစ် သေဆုံးသွားတယ်လို့ဘဲဖေါ်ပြထားပေမယ့် ဒေသခံအချို့ကတော့ အသေအပျောက်ရာနဲ့ချီနိုင်တယ်လို့ခန့်မှန်းပြောဆိုသွားပါတယ်။ ခုချိန်မှာတော့ ရန်ကုန်မှာ internet မပြောနဲ့ ဖုန်းလိုင်းတွေ၊ လျှက်စစ်မီးတွေတောင် လုံးဝပျက်တောက်နေပါတယ်။ ကျွန်တော်တောင်အိမ်ကိုဖုန်းဆက်တာ ၄မိနစ်ဘဲပြောလိုက်ရပြီးလိုင်းကျသွားလိုက်တာ ခုထိကိုပြန်ဆက်လို့မရသေးပါဘူး။ အိမ်ခေါင်မိုးတွေကလန်၊ မိုးကလည်းမတိတ်တော့ အိမ်တော်တော်များများမှာ အခန်းထဲတွေထိရေ၀င်ပြီး နေစရာမရှိဖြစ်ရပါတယ်တဲ့။ ရန်ကုန်မြို့ခံတွေရဲ့ တွေ့ကြုံခဲ့ရပုံနဲ့ ခံစားချက်တွေကို လည်းဆက်ဖတ်ကြည့်ကြပါဦးဗျာ.....


"I think all the TV satellite receivers have been destroyed. Zinc roofs are scattered on the streets"

"No one is on the streets. Even no dog"

"Rains were pouring horizontally and it was like steam coming off the hot boiling water pot"

"Since roofs were ripped off, people have to stay inside their houses with doors locked and chained"

"We did not expect this much bad. So, we did not store food and now we are having problems with food"

"Rangoon has been totally devastated"

A resident in Sanchaung township said " the sky is read" now and " roof sheets were flying".

တကယ်လို့မိတ်ဆွေတို့ မြန်မာပြည်နဲ့အဆက်အသွယ်ရရင်လည်း message လေးထားသွားခဲ့ပေးပါနော်။ ကျွန်တော်တော့ကြိုးစားပြီး အိမ်ကိုဖုန်းထက်ဆက်ကြည့်လိုက်ဦးမယ်။
နောက်ဆုံးသတင်းတွေကို ဖတ်ရှုချင်ရင် အောက်ပါ website များကိုဝင်လည်ကြည့်ကြနိုင်ပါတယ်။
http://www.mizzimaburmese.com/content/view/1000/
http://afp.google.com/article/ALeqM5h5kIScmy1U7oTnHZjavFOqWLKmtA
http://www.reuters.com/article/asiaCrisis/idUSBKK19196

Thursday, May 1, 2008

လူညာကြီး


မိတ်ဆွေ၊ ကိုယ့်ကိုယ်ကိုလူကဲခတ်တာတော်လှချီရဲ့လို့ထင်နေလား? ဒီပုံထဲကလူကြီးကို အကဲခတ်ကြည့် ကြည့်ပါ။ သူကလူလိမ်လူညာကြီးဗျ။ ဘယ်လိုလဲ။ လက်ခံပါစ ~~


Friday, February 22, 2008

Netra Snaan

နေ့စဉ်နေ့တိုင်း lap top screen နဲ့ဘဲနှစ်ပါးသွားနေရတဲ့ ကျွန်တော်တို့မျက်စိလေးကိုသနားလို့ ဒီယောဂကျင့်စဉ်ကို post လုပ်ဖြစ်သွားတာပါ။ Try ကြည့်ကြပေါ့ဗျာ။

ဖွင့်ဆိုချက် - မျက်စိဆေးကျောခြင်း
အကျိုးကျေးဇူး - မျက်စိညောင်းညာခြင်း ၊ ပူစပ်နေခြင်းများသက်သာစေပါသည်။
သတိထားရန် - တိမ်ရှိသူများ နှင့် ခွဲစိတ်မှုပြုပြီးခါစ လူနာများ အတွက်မသင့်တော်ပါ။
ကျင့်သုံးသင့်ချိန် - နံနက်စောစော အိပ်ရာထချိန်သည်အသင့် တော်ဆုံးဖြစ်ပါသည်။ နေ့ ခင်း နှင့်ညပိုင်းတွင်လည်း ကျင့်သုံးနိုင်ပါသည်။

အဆင့် ၁
ဘေဆင်ရှေ့တွင် ရပ်ပါ။ ခြေထောက် နှစ်ဖက်ကိုကား၍ ခါးကိုကုန်းလိုက်ပါ။

အဆင့် ၂
သင့်ပါးနှစ်ဖက် ဖောင်းကားလာ သည်အထိ ပါးစပ်ထဲတွင်ရေငုံပါ။

အဆင့် ၃
သင့်မျက်စိအား ကျယ်နှိင်သလောက်ကျယ်ကျယ်ဖွင့်ထားရပါမယ်။ လက်ဖြင့် ရေဘုံဘိုင်မှရေ ကိုခံကာ မျက်စိတစ်ဖက်တစ်ချပ်စီကို ညင်သာစွာ ပက်ပေးပါ။ တစ်ဖက်ကို ၃ကြိမ် မှ ၅ကြိမ် ထိပက်ပေးသင့်ပါသည်။

အဆင့် ၎
ပါးစပ်ထဲမှရေကို ထွေးထုတ်ပစ်လိုက်ပါ။

အဆင့် ၅
ဝင်သက် ထွက်သက် ကိုသတိထား၍ အသက်မှန်မှန်ရှူပါ။

မှတ်ချက် - ဤကျင့်စဉ်ကို နေ့စဉ်ကျင့်သုံးလျှင် နှစ်ခြိုက်စွာအိပ်မပျော် နိုင်ခြင်း ၊ မျက်ဝတ်ထွက်ခြင်း ၊ မျက်စိနီခြင်း တို့ကိုသက်သာပျောက်ကင်းစေပါသည်။

Test ur English

အရှေ့ကနေအနောက်ကို ဖတ်ဖတ် ၊ အနောက်ကနေအရှေ့ကို ဖတ်ဖတ် အဓိတ်ပါယ်ရှိသည့် စကားလုံး (Recurrent Palindromes) ၇လုံးစဉ်းစားကြည့်ပါလား။
ဥပမာ - pot , top

God , Dog
Time , Emit
Loops , Spool
Remit , Timer
Drawer , Reward
Repaid , Diaper
Stressed , Desserts