Nargis မုန်တိုင်းဟာ မြန်မာစံတော်ချိန် ညနေ ၅နာရီခန့်မှာ ရပ်စဲသွားပါတယ်။ ရန်ကုန်မြို့ကြီး ကတော့ရစရာမရှိအောင်ဖြစ်ပြီးကျန်ခဲ့ရတယ်။ ယုဇနပလာဇာဆိုလည်း မှန်တွေအကုန်ကွဲတယ်၊ စလောင်းတွေဆိုလည်း ၉၀% လောက်ပျက်စီးတယ်၊ ၁၃၇ လမ်းက 'အမာဘီ' ဆိုတဲ့တိုက်ကတော့ အပေါ်ပိုင်းတစ်ခုလုံးကိုပြတ်ထွက်သွားတဲ့အထိ။ လူ ၇ယောက်လောက် မ ယူရမယ့် billboard ကြီးတွေတောင် လေထဲမှာလွင့်နေတာဆိုတော့ မုန်တိုင်းဘယ်လောက်ပြင်းသလဲခန့်မှန်းနိုင်ပါတယ်။ ဓါတ်မီးတိုင်တွေလဲ၊ ဖုန်းကြိုးတွေလည်းအကုန်ပြတ်ထွက်ကုန်လို့ ၁လအတွင်း မီးအားပေးရေး နဲ့ဆက်သွယ်ရေးပုံမှန်ဖြစ်ဖို့တောင် မလွယ်ဘူးလို့ပြောနေကြတယ်။ အဲ... ပိုဆိုးတာက
စားသောက်ကုန်တွေတက်ကုန်တာဘဲ။ အခြေခံ အစားအသောက်တွေကိုက ၅ဆနီးပါးတက်သွားတယ်။ ခုဖြစ်နေတာက တက်ဈေးနဲ့ဝယ်ပါမယ်ဆိုတာတောင် ရောင်းမယ့်သူရှားနေတယ်။ အစိုးရဆိုတဲ့ဟာကြီးတွေကတော့ ကယ်ဆယ်ရေးအတွက် အစည်းအဝေး လုပ်နေတယ်လို့ MRTV မှာလွှင့်တယ်ဆိုဘဲ... ဒါတွေကိုဘယ်သူက ကြည့်နိုင်မှာလဲဗျာ။ ရေဒီယိုလည်းမရ၊ မီးလည်းမလာတဲ့ဟာ....
Saturday, May 3, 2008
Subscribe to:
Post Comments (Atom)





0 comments:
Post a Comment