Saturday, May 3, 2008

ရန်ကုန် နှင့် Nargis


၂ ရက်နေ့၊ မေ (သောကြာနေ့) ညသန်းခေါင် ၁၂နာရီမှာစလိုက်တဲ့ Nargis မုန်တိုင်းဟာ စနေနေ့ မနက် ၁၀ နာရီလောက်အထိ ရန်ကုန်မြို့တွင် ၂ မိနစ်ခြားတစ်ခါ တိုက်ခတ်ခဲ့ပါတယ်။ ဒီမုန်တိုင်းဟာ Bangladesh ထဲကိုဝင်မယ်လို့ သောကြာနေ့ကအတည်ပြုပြီးသားပါ။ ဒါ့ကြောင့်လည်းဘာမှ ပြင်ဆင်မှုမရှိထားတဲ့ ရန်ကုန်မြို့သူမြို့သားတွေခမျာ စားရေးသောက်ရေးအတွက် အလွန်အခက်တွေ့နေရပါတယ်။ Nargis ရဲ့ပြင်းအားကတော့ 120 mph ပါ။ Strom Catagory ထဲမှာ အဆင့်၃ ရှိပါတယ်။ Nargis နဲ့အမျိုးအစားဆင်တဲ့ Sidr မုန်တိုင်း Bangladesh ကို November 2007 မှာဝင်တုန်းကတော့ လူပေါင်း ၃၀၀၀ ခန့်သေဆုံးခဲ့ရတယ်။ ခုချိန်ထိမြန်မာပြည်က သေဆုံးမှုစာရင်း မှာတော့ ဒလဘက် ကူးတို့ဆိပ်ကို ဖြတ်ကူးတဲ့ အမျိုးသမီး ၃ ဦး လှေမှောက်၍ ရေနစ် သေဆုံးသွားတယ်လို့ဘဲဖေါ်ပြထားပေမယ့် ဒေသခံအချို့ကတော့ အသေအပျောက်ရာနဲ့ချီနိုင်တယ်လို့ခန့်မှန်းပြောဆိုသွားပါတယ်။ ခုချိန်မှာတော့ ရန်ကုန်မှာ internet မပြောနဲ့ ဖုန်းလိုင်းတွေ၊ လျှက်စစ်မီးတွေတောင် လုံးဝပျက်တောက်နေပါတယ်။ ကျွန်တော်တောင်အိမ်ကိုဖုန်းဆက်တာ ၄မိနစ်ဘဲပြောလိုက်ရပြီးလိုင်းကျသွားလိုက်တာ ခုထိကိုပြန်ဆက်လို့မရသေးပါဘူး။ အိမ်ခေါင်မိုးတွေကလန်၊ မိုးကလည်းမတိတ်တော့ အိမ်တော်တော်များများမှာ အခန်းထဲတွေထိရေ၀င်ပြီး နေစရာမရှိဖြစ်ရပါတယ်တဲ့။ ရန်ကုန်မြို့ခံတွေရဲ့ တွေ့ကြုံခဲ့ရပုံနဲ့ ခံစားချက်တွေကို လည်းဆက်ဖတ်ကြည့်ကြပါဦးဗျာ.....


"I think all the TV satellite receivers have been destroyed. Zinc roofs are scattered on the streets"

"No one is on the streets. Even no dog"

"Rains were pouring horizontally and it was like steam coming off the hot boiling water pot"

"Since roofs were ripped off, people have to stay inside their houses with doors locked and chained"

"We did not expect this much bad. So, we did not store food and now we are having problems with food"

"Rangoon has been totally devastated"

A resident in Sanchaung township said " the sky is read" now and " roof sheets were flying".

တကယ်လို့မိတ်ဆွေတို့ မြန်မာပြည်နဲ့အဆက်အသွယ်ရရင်လည်း message လေးထားသွားခဲ့ပေးပါနော်။ ကျွန်တော်တော့ကြိုးစားပြီး အိမ်ကိုဖုန်းထက်ဆက်ကြည့်လိုက်ဦးမယ်။
နောက်ဆုံးသတင်းတွေကို ဖတ်ရှုချင်ရင် အောက်ပါ website များကိုဝင်လည်ကြည့်ကြနိုင်ပါတယ်။
http://www.mizzimaburmese.com/content/view/1000/
http://afp.google.com/article/ALeqM5h5kIScmy1U7oTnHZjavFOqWLKmtA
http://www.reuters.com/article/asiaCrisis/idUSBKK19196

No comments: