Saturday, November 21, 2009

သားရဲ့အဖေ

ခု post ကတကယ်တော့ အဖေ့ရဲ့သား ဆောင်းပါးရဲ့အဆက်ပါ။ ဒီတိုင်းကြီးဖတ်ရင် အရသာပေါ့တာမို့ အဖေ့ရဲ့သား (၁) နဲ့ (၂) ကိုအရင်ဖတ်စေချင်ပါ၏။

ပြီးပြည့်စုံသော မိသားစုဘ၀။
ကျွန်တော်အမြဲတည်း တောင့်တခဲ့သောအရာ… ဘယ်တော့မှလည်း ပြန်မရနိုင်တော့သောအရာ…

ကျွန့်တော့်အသက် ၅၀ပြည့်ခဲ့ပြီ။ ဒီအသက်အရွယ်တွင် ကျွန်တော့်မှာအနာဂါတ်မရှိနိုင်တော့၊ အတိတ်သာကျန်ရစ်သည်။ အတိတ်ကိုစဉ်းစားလျှင်တော့ ပျော်ရွှင်ရပါသည်။ ကျွန့်တော့်တွင် ဇနီးချောလေး ငြိမ်းလည်းရှိခဲ့သည်။ သားလိမ္မာလေး ရဲခေါင်လည်းရှိခဲ့သည်။ ပျဉ်ထောင်အိမ်လေးဖြင့်နေရသော်ငှား ကျွန်တော်ကျေနပ်မိသည်။

သို့သော်…ကျွန်တော်ဤမျှနှင့် ကျေနပ်နေ၍မဖြစ်။ သားလေးရဲခေါင်အတွက် ကျွန်တော်ဒီ့ထက်ကြိုးစားရမည်။ သားကြီးလာရင် ကြိုက်တဲ့ပညာရေးလမ်းကြောင်းရွေးနိုင်အောင်၊ လူပုံအလယ်တွင် ရင်ကော့ခေါင်းမော့နေနိင်အောင် ကျွန်တော်ကြိုးစားရမည်။ ထို့ကြောင့်လည်း ကျွန်တော်ကော်ဖီခြံလုပ်ငန်းကို တိုးချဲ့ကာ ကော်ဖီချက်စက်ရုံတည်ထောင်ခဲ့၏။

ကော်ဖီချက်လုပ်ငန်းမှာ အပြိုင်အဆိုင်များလှသည်။ ကျွန်တော့်မှာလည်း စီးပွားရေး အတွေ့အကြုံသိပ်မရှိ သဖြင့် ၂၄နာရီလိုလိုပင် စာရင်းဇယားတွေကြားထဲ ခေါင်းစိုက်နေခဲ့ရသည်။ ကျွန်တော်သိပါသည်။ ယခင်ကလို ကျွန်တော်ချစ်သောမိသားစု အတွက်သိပ်အချိန်မပေးနိုင်တော့။ ကျွန်တော်အိမ်ပြန်ရောက်လျှင် ငြိမ်းရော၊ သားလေးသာအိပ်မောကျနေသည်ကများသည်။ အိပ်ပျှော်နေသော သားလေးကိုသာပုံပြင်ပြောပြကာ မျက်ရည်ကျရုံမှလွဲ၍ သူ့အတွက်ဘာမှ မလုပ်ပေးနိုင်ခဲ့။

အဆိုးဆုံးကတော့ ငြိမ်း… ကျွန်တော့်ကို သစ္စာဖောက်ခဲ့သည်။
“ယောင်္ကျားရဲ့ကြင်နာမှုကို မရတဲ့မိန်းမတစ်ယောက်ရဲ့ ဘ၀ကိုရှင်သိရဲ့လား။ ကျွန်မမှာ လင်ငုတ်တုတ်ရှိလျတ်နဲ့ မုဆိုးမလိုဘဲ။” တဲ့… ငြိမ်းပြောဖူးသည်။

ကျွန်တော်ထိုခံစားမှုကို မသိကောင်းမသိဖြစ်မည်။ သို့ပေမယ့်… ကိုယ့်မိန်းမကိုယ့်အပေါ်သစ္စာဖေါက်သွားသည့် ခံစားမှုကိုတော့ ကောင်းကောင်းသိလိုက်ရပါသည်။ ငြိမ်းနဲ့ကျွန်တော့် အချစ်ဆုံးသူငယ်ချင်း မင်းသူ အကြောင်းသတင်းတွေထွက်လာခဲ့သည်။ ထိုသတင်းတွေကို ငြိမ်းမငြင်းခဲ့ပါ။
“ဟုတ်တယ်လေ။ ကျွန်မကို ကြင်နာမှုပေးနိုင်တဲ့သူကို ရွေးချယ်လိုက်တာဘဲ။” ဟုသွေးအေးအေးဖြင့် တုန့်ပြန်ခဲ့သည်။

“သား ၁၂နှစ်ပြည့် မွေးနေ့ထိတော့ ဘာမှမဖြစ်သလိုနေပေးပါကွာ။ ငါ့သူ့ကိုစိတ်မထိခိုက်စေချင်ဘူး။”
ကျွန်တော်တောင်းပန်နေသည်ကိုပင် ငြိမ်းလက်မခံ။ ကွာရှင်းပေးရန်ပင် သူတောင်းဆိုခဲ့သည်။

“အဲလောက်တောင်ဖြစ်နေလည်းကွာဟာ။”
ငြိမ်းအတွက် ကျွန်တော့်၏ နောက်ဆုံးစကားလုံးပင်…

------------------ xxx ---------------------- xxx ------------------------ xxx ----------------

အချိန်တွေ ကုန်လွယ်လိုက်တာ။ သားတောင် ၁၀တန်းကျောင်းသားကြီးဖြစ်ပြီ။ ခုချိန်ထိ ငြိမ်းကိုကျွန်တော် အိမ်ပေါ်က နှင်ချလိုက်သည်ဟု သားထင်နေဆဲ။ ကျွန်တော်မဖြေရှင်းလိုပါ။ သားနှလုံးသားထဲမှာ ငြိမ်းကို မိခင်ကောင်းတစ်ယောက်အဖြစ်ရှိသွားစေချင်သည်။ ဒီအကြောင်းတွေသိသွားလည်း သားစိတ်ထိရုံကလွဲပြီး ဘာကောင်းကျိုးမှရှိလာမှာ မဟုတ်ဘူးလေ။

ကျွန်တော့်သားက တကယ့်ကိုဥာဏ်ကောင်းတဲ့ကောင်ဗျ။ ဆရာ၊ ဆရာမတွေဆို သူ့ကိုအမြဲချီးကျူးရတယ်။ ၁၀တန်းကျူရှင်မှာဆိုသူက Top ဘဲတဲ့။ ကျွန်တော်က မကြာခနဆိုသလို သားရဲ့ဆရာ၊ ဆရာမနဲ့သားအကြောင်းဆွေးနွေးနေကျ။ ခုလည်း သားရဲ့ Bio ဆရာမက ကျွန်တော့်ကိုခေါ်ထားသည်။ သားအကြောင်းချီးမွန်းခန်းဖွင့်တော့မည်ထင်၏။ သားအကြောင်းနားထောင်ရမည်ဆိုလျှင် ကျွန်တော်အလွန်တက်ကြွမိသည်။ ခုလည်း ဆရာမက ၂ခါခေါ်စရာမလို၊ သူ့ရုံးခန်းရှေ့သို့ရောက်ပြီးသားပင်။
ဆရာမလေးမျက်နှာကိုမြင်လိုက်သည်နှင့်ကျွန်တော်အတွေးမှားယွင်းနေကြောင်းသတိထား
လိုက်မိပါသည်။
ရဲခေါင်ရဲ့အမှတ်တွေအရမ်းထိုးကျသွားတယ်။ခုဆိုအတန်းထဲမှာအညံ့ဆုံးတောင်ဖြစ်တော့မယ်။
ဆရာမလေးကတည့်တည့်ကြီးပြောချလိုက်တော့ကျွန်တော့်မှာပါးစပ်အဟောင်းသားကြီးဖြစ်
သွားရသည်။သူမကျွန်တော့်ကိုစာရွက်ဖြူအချို့ လှမ်းပေးသည်။

“တကယ်တော့သူဖြေထားတာအကုန်မှန်တယ်။နောက်ဆုံး ၂ပုဒ်ကိုသာမခြစ်ချရင်အမှတ်ပြည့်ရမှာဘဲ။သူ့ ရဲ့စိတ်ထဲမှာဘာတွေတွေးနေလဲကျွန်မတော့
စဉ်းစားလို့ ကိုမရတော့ပါဘူး။”
ကျွန်တော်ဆရာမလေးရုံးခန်းထဲကလေးလံစွာထွက်လာခဲ့သည်။လက်ထဲတွင်နောက်ဆုံး
၃မျက်နှာကိုခြစ်ထားသောစာရွက်…..

“ဦး”
သားရဲ့သူငယ်ချင်းဆူးရင့်ပါလား။အရင်ကလိုအိမ်မှာစာလာမကျက်တာတောင်ကြာပြီ။သားရဲ့
အမှတ်တွေနည်းသွားလို့ များအပေါင်းအသင်းမလုပ်ချင်တော့တာများလား။ဒါမှမဟုတ်…….

“ဘာတွေစဉ်းစားနေဒါလဲ ဦးရဲ့။သမီးဆူးရင့်လေ။မမှတ်မိတော့ဘူးလား။”

“သြ….အေး..အေး။မှတ်မိပါတယ်ကွယ်။”
“ဆရာမကိုလာတွေ့ တာလား…ဦး။”
အမှန်တော့ကျွန်တော်သူ့ အမေးကိုမဖြေချင်ပါ။သို့ သော်…..

“ဟုတ်ပါ့ကွာ။ဒီကောင်ဘာတွေစိတ်လေနေလဲမသိပါဘူး။ Bio ကိုဖြေထားတာအောင်ရုံအမှတ်ဘဲရတယ်။ဟူး…..”
ပြုံးရွှင်နေသောဆူးရင့်မျက်နှာတစ်ချက်ပျက်သွားသည်ကိုသတိထားမိသည်

“အလကားကောင်၊ဦးကတော့သူ့ ကိုပညာတတ်ကြီးဖြစ်စေချင်လွန်းလို့ 
အားပေးလိုက်ရတာ၊အိမ်ရောက်မှဒီကောင့်ကိုဆော်ရမယ်၊ဒါမှကြိုးစားချင်စိတ်ရှိလာမှာ။”

“ရဲခေါင် ကိုမရိုက်ပါနဲ့ ဦးရယ်၊သူကအဖြေမှန်ကိုတမင်ခြစ်ချလိုက်တာပါ။”

“ဘယ်လို…..ဦးကိုရှင်းပြပါဦး၊ဆူးရင့်ရယ်၊ဦးသားကဘာလို့ များ…….”

ဆူးရင့်ရဲ့ရှင်းပြမှုကိုနားထောင်ရင်းကျွန်တော်မငိုမိအောင်မနည်းထိန်းထားခဲ့ရပါသည်။
ကျွန်တော့်ရဲ့သားအပေါ်ဖြစ်စေချင်မှုကတကယ်တော့သူ့ ကိုအဆိုးဆုံးရောက်အောင်ပို့ သလို
ဖြစ်နေပါလား။ကျွန်တော်ဟာဖခင်ကောင်းတယောက်မဟုတ်ခဲ့ပါလားဗျာ။ ကျွန်တော့်အမှားများအချိန်မှီပြင်ရမည်။သူ့  ကိုစိတ်ကြိုက်လမ်းရွေးချယ်ခွင့်ပေးမည်။ကျွန်တော့်သားနှင့်သားရဲ့အနာဂါတ်ပညာရေး
အကြောင်းဆွေးနွေးမည်။ကျွန်တော့်အချိန်စာရင်းထဲမှာသားအတွက်တစ်နေရာအမြဲဖယ်
ကာထားလိုက်ပါပြီ။သားအခန်းရှေ့ ကိုကျွန်တော်လှမ်းခဲ့သည်။ဟိုးအရင်တချိန်ကသားကို
စာသင်ပေးရန်ခေါ်သကဲ့သို့ ပင်ကျွန်တော်ခေါ်လိုက်မိသည်……..

“သား….လူလေးရဲခေါင်…ခဏထွက်ခဲ့ပါဦးကွာ။အဖေပြောစရာရှိလို့ …….” ဟူ၍။

No comments: