သြ... ဒီ blog လေးကိုတောင်လှည့်မကြည့်ဖြစ်တာအတော်ကြာနေပါ့လား။ ဖုန်မကဘူး၊ မှိုတောင်တက်နေလောက်ပြီ။ Post အသစ်တွေကို ရေးတော့ရေးဖြစ်ပါတယ်။ Publish လုပ်ဖို့မအားနိုင်ဘူးဖြစ်နေလို့..... ဒီနေ့တော့ ကျွန်တော်ရေးထားတဲ့ ဇာတ်လမ်းတိုလေးရဲ့ နိဒါန်းတစ်ပိုင်းတစ်စလေးကို မရရအောင်တင်လိုက်ပါတယ်။ Enjoy... :)
အဖေ။ ။
အဖေ ဆိုသော စကားလုံးအားကြားလိုက်ရသည်နှင့် ငယ်စဉ်က အဖေကျွန်တော့ကို စာသင်ပေးနေသော ပုံရိပ်၊ ပုံပြင်ပြောပြနေသော ပုံရိပ်တို့ တစ်ဖွားဖွားပေါ်ကာလာ၏။ အဖေဟာ ကျွန်တော့် ဖခင်ကောင်း တစ်ယောက်၊ အမေ့ ခင်ပွန်းကောင်းတစ်ယောက်ပါ။ အရာအားလုံးထက် ကျွန်တော်တို့ မိသားစုကို ပိုအလေးထားတယ်ဆိုတာ အဖေဖွင့်ထုတ်မပြောပေမယ့် ကျွန်တော် ခံစားမိရပါတယ်။
“သားတစ်ယောက်ထဲရှိလည်း ကျွန်တော်ကတော့ အေးဆေးဘဲဗျို့။ ဒီကောင်က ကြီးလာရင်အားကိုးရမှာဗျ။” ဟူ၍မိတ်ဆွေတို့အား အဖေပြောလေတိုင်း ကျွန်တော်လေဘ၀င်ဟပ်၍ မဆုံးနိုင်ခဲ့။ အဖေသည် ကျွန်တော့်စိတ်ကို အသိဆုံးသူဖြစ်၏။ ကျွန်တော်ဖြစ်ချင်သည်တို့ကို အလေးထားရုံ၊ သိရုံသာမက မရရအောင်လည်း ဖြည့်စွမ်းပေးသည်။
အလုပ်တွေရှိလျက်နှင့်ပင် ၃လတစ်ခါ မိသားစုအပျော်ခရီး အတူထွက်တာတွေ၊ မနက်အစောထစရာ ရှိလျက်နှင့် ကျွန်တော်မအိပ်မချင်း ပုံပြောပြတာတွေ….. အဖေ့မေတ္တာကို ငယ်စဉ်ဘ၀က ကျွန်တော်အပြည့်အ၀ ခံစားခဲ့ရပါသည်။
သို့သော်….. ထိုအချိန်တို့ကို ယခုအချိန်တွင် ကျွန်တော်ပြန်မရနိုင်တော့ပါ။
ကျွန်တော် ၇နှစ်သားအရွယ်တွင် ယခင်ဘိုးဘွားပိုင်ကော်ဖီခြံကို အဖေထိုးချဲ့ကာ ကော်ဖီစက်ရုံတည်ခဲ့သည်။ ထိုအချိန်မှစ၍ အဖေသည်အခြားသူတစ်ယောက်၊ အခြားသူစိမ်းတစ်ယောက်လိုပင် ပြောင်းလဲသွားခဲ့ပါသည်။ အမြဲတစေ ပြုံးရွှင်နေသော အဖေ့မျက်နှာသည်ပင် ယခုအခါခက်ထန်လာခဲ့ပြီ။ အဖေညညဆို အိမ်ပြန်နောက်ကျသည်။ ၄၊ ၅ ရက်ဆက်တိုက် စက်ရုံမှာဘဲအိပ်ဖြစ်ခဲ့သည့် ညပေါင်းလည်းမနည်းတော့။ အဖေ့ညအိပ်ရာဝင်ပုံပြင်တို့ကိုပင် မကြားရသည်မှာကြာလေပြီ။ အရင်တုန်းက မိသားစု ၃ယောက်ထမင်းလက်ဆုံစားခဲ့ သည့်စားပွဲဝိုင်းကြီးလည် စတိုခန်းသို့ရောက်ခဲ့ပြီ။ ဒါတွေကို အဖေမသိပါ။ ဂရုလည်းမစိုက်ခဲ့ပါ။ စက်ရုံ စရင်းဇယားတွေထဲမှာပင် နစ်မြုပ်နေခဲ့သည်။
ကျွန်တော် ၁၂နှစ်ပြည့်မွေးနေ့ မရောက်ခင်တစ်နေ့၊ အဖေ့အား နာကြည်းခဲ့သောနေ့၊ ထိုနေ့က အမေအိမ်ပေါ်မှ ဆင်းသည်။
ဆက်ပါဦးမည်...
2 comments:
အမေအိမ်ပေါ်က ဆင်းတော့ daddy က ဘာမှဆက်မလုပ်တော့ဘူးလား ?? :P
ခုနေဆက်ရေးရင် လည်ပင်းကို သားရေပင်နဲ့ညှစ်ပြီး တိုက်ပေါ်က ခုံချတယ်လို့ဘဲရေးမိမှာ။ Stress တွေများပြီး လူက Emo ဖြစ်ချင်ချင်ရယ်...
Post a Comment